ဆောင်ဂျောင်ကီနှင့် ဆောင်းဟေကိုတို့၏ မင်္ဂလာပွဲနှင့်ဟန်းနီးမွန်းအစီအစဉ်များထွက်ပေါ်

ဆောင်ဂျောင်ကီနှင့် ဆောင်းဟေကိုတို့၏ မင်္ဂလာပွဲနှင့်ဟန်းနီးမွန်းအစီအစဉ်များထွက်ပေါ်

 

တောင်ကိုရီးယား၏ နာမည်ကျော်စုံတွဲတစ်တွဲဖြစ်သော ဆောင်ဂျောင်ကီနှင့် ဆောင်းဟေကိုတို့၏ မင်္ဂလာပွဲနှင့် ဟန်းနီးမွန်းအစီအစဉ်များကို အောက်တိုဘာလ ၂၃ ရက်နေ့တွင် Sports Donga သတင်းဝက်ဘ်ဆိုက်က အသေးစိတ် ဖော်ပြခဲ့သည်။

ထိုဖော်ပြချက်အရ လာမည့်အောက်တိုဘာလ ၃၁ရက်နေ့တွင် မင်္ဂလာဆောင်ကြမည့် ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကိုတို့သည် မင်္ဂလာပွဲ၏အခမ်းအနားမှူးအား နာမည်ကျော်ပုဂ္ဂိုလ်မဟုတ်သည့် လူတစ်ဦးကို ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ပြီး မင်္ဂလာတေးကို သီဆိုမည့်သူအဖြစ် သူတို့နှစ်ဦး၏ အရင်းနှီးဆုံးသူယ်ချင်းဖြစ်သော အုတ်ခ်ဂျူဟွမ်းကို ရွေးချယ်ထားကြောင်း သိရသည်။

ဒါ့အပြင် သူတို့နှစ်ဦးသည် မင်္ဂလာပွဲပြီးသောအချိန်တွင် ဟန်းနီးမွန်းခရီးစဉ်အဖြစ် ဥရောပသို့ အလည်အပတ် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ထို့နောက်တွင် သူတို့နှစ်ဦးသည် လွန်ခဲ့သောဇန်နဝါရီလက ဝယ်ယူ ထားပြီး ပြန်လည်မွမ်းမံထားသည့် အစ်တေးဝမ်ရပ်ကွက်ရှိ နေအိမ်တစ်လုံး၌ နေထိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required