ခြေစစ်ပွဲအုပ်စုတွင်းတွင် အသင်းကြီးအသင်းငယ်ဟူ၍မရှိဟု မြန်မာယူ ၁၉ နည်းပြဆို

ခြေစစ်ပွဲအုပ်စုတွင်းတွင် အသင်းကြီးအသင်းငယ်ဟူ၍မရှိဟု မြန်မာယူ ၁၉ နည်းပြဆို

အောက်တိုဘာ ၂၃၊ ရန်ကုန်။           ။ ၂၀၁၈ အာရှယူ ၁၉ ချန်ပီယံရှစ်ခြေစစ်ပွဲ အုပ်စုတွင်းတွင် အသင်းကြီး အသင်းငယ်ဟူ၍မရှိကြောင်း မြန်မာယူ ၁၉ နည်းပြချုပ် ဦးချစ်နိုင်ကပြောသည်။

မြန်မာယူ ၁၉ အသင်းသည် ကမ္ဘောဒီးယားနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံမည့် ခြေစစ်ပွဲအုပ်စု (G) တွင် အိမ်ရှင်ကမ္ဘောဒီးယား၊ တရုတ်၊ ဖိလစ်ပိုင်တို့နှင့်အတူကျရောက်လျှက်ရှိသည်။

ခြေစစ်ပွဲအတွက်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးချစ်နိုင်က “အာရှခြေစစ်ပွဲအတွတ် ကျွန်တော်တို့ တစ်လခွဲကျော် ပြင်ဆင်လေ့ကျင့်ခဲ့ပါတယ်။ ဒီလေ့ကျင့်မှုတွေ ပြင်ဆင်မှုတွေက ခြေစစ်ပွဲ သုံးပွဲအတွက်မဟုတ် ပါဘူး။ ဗိုလ်လုပွဲစဉ်တွေအထိပါ ရည်ရွယ်ပါတယ်။

အုပ်စု အသင်းတွေ ဖြစ်တဲ့ တရုတ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဖိလစ်ပိုင် အသင်းအားလုံး လူငယ် ကစားသမားတွေနဲ့ စုဖွဲွှထားကြလို့ အလားအလာရှိတဲ့ အသင်းကောင်းတွေပဲ ဖြစ်ပါတယ်။ အုပ်စုတွင်းမှာတော့ အသင်းကြီးလည်း မရှိဘူး၊ အသင်းငယ်လည်း မရှိဘူး။ ကျွန်တော်တို့ မြန်မာကတော့ ပြိုင်ဘက်တိုင်းကို လေးလေးစားစားနဲ့ ယှဉ်ပြိုင်သွားမှာပါ”ဟု ပြောသည်။

မြန်မာအသင်းသည် အဖွင့်ပွဲအဖြစ် အောက်တိုဘာ ၂၄ မြန်မာစံတော်ချိန်ညနေ ၄း၀၀ နာရီတွင် ဖိလစ်ပိုင်အသင်းနှင့် ကစားရ မည်ဖြစ်ပြီး ကမ္ဘောဒီးယားရုပ်သံလိုင်း BTV မှလည်းကောင်း၊ ပြည်တွင်းအခပေးရုပ်သံလိုင်း Sky Net ကလည်းကောင်း တိုက်ရိုက် ပြသမည်ဖြစ်သည်။

မြန်မာယူ ၁၉ အသင်းသည် အောက်တိုဘာ ၂၆ ရက်နေ့ မြန်မာစံတော်ချိန် ည(ရး၀၀)နာရီတွင် အိမ်ရှင် ကမ္ဘောဒီးယား၊ အောက်တိုဘာ ၂၈ ရက်နေ့ မြန်မာစံတော်ချိန်ညနေ(၄း၀၀)နာရီ တွင် တရုတ် အသင်းတို့နှင့် ကစားရမည်ဖြစ်သည်။

ခြေစစ်ပွဲ အုပ်စု(၁၀)စုမှ ပထမရ (၁၀)သင်းနှင့် အကောင်းဆုံး ဒုတိယ (၅)သင်းတို့ ခြေစစ်ပွဲအောင်မြင်ကြမည် ဖြစ်သည်။

ဓါတ်ပုံ MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required