ဗြိတိန်ရှိ ဘိုးလင်းကစားရုံမှ အဖမ်းခံထားရသော ဓားစာခံများလွတ်မြောက်ပြီး သေနတ်သမားကိုဖမ်းဆီး

ဗြိတိန်ရှိ ဘိုးလင်းကစားရုံမှ အဖမ်းခံထားရသော ဓားစာခံများလွတ်မြောက်ပြီး သေနတ်သမားကိုဖမ်းဆီး

 

နျူနီတန်၊ ယူကေ၊ အောက်တိုဘာ ၂၃ ။               ။ ဗြိတိန်ရဲတပ်ဖွဲ့သည် တနင်္ဂနွေနေ့က ဘိုးလင်းကစားရုံတစ်ခု၌ အဖမ်းခံထားရသော ဓားစာခံနှစ်ဦးကို ပြန်လွှတ်ပေးနိုင်ခဲ့ပြီး သေနတ်သမားတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း အာဏာပိုင်များကပြောခဲ့သည်။

အင်္ဂလန်အလယ်ပိုင်းရှိ နျူနိတန်မြို့မှ ဘာမြူဒါအပန်းပြေပန်းခြံအတွင်း၌ နေ့လယ်ပိုင်း ၂နာရီခွဲဝန်းကျင်က သေနတ်သမားတစ်ဦး သောင်းကျန်းနေသည်ဟု သတင်းရရှိခဲ့သောကြောင့် ရဲတပ်ဖွဲ့က အဆိုပါနေရာကို ဝင်ရောက်ရှင်းလင်းပြီး လူများကိုအရေးပေါ်ပြောင်းရွှေ့ကာ ယခုလိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ဒီလိုလိပ်ခဲတည်းလည်းအခြေအနေကို အေးအေးချမ်းချမ်းနဲ့ ဖြေရှင်းနိုင်ခဲ့တဲ့အတွက် ကျေနပ်ပါ တယ်။ ဘယ်သူမှဒဏ်ရာအနာတရ ရရှိခဲ့ခြင်းမရှိပါဘူး” ဟု ဝါဝတ်ခ်ရှိုင်းယားရဲတပ်ဖွဲ့မှ အဲလက်စ်ဖရန်ကလင် စမစ်က ပြောခဲ့သည်။

“နျူနိတန်ဒေသအတွင်းမှာ နေထိုင်ကြတဲ့သူတွေကို မစိုးရိမ်ဖို့မှာချင်တာကတော့ ဒီဖြစ်ရပ်ဟာ အကြမ်းဖက်မှု နှင့် ဆက်စပ်မှုမရှိပါဘူး” ဟု သူက ဖြည့်စွက်ပြောကြားခဲ့သည်။

အဖမ်းခံခဲ့ရသောဓားစာခံများသည် ကစားရုံ၏ဝန်ထမ်းများဖြစ်ကြပြီး ရဲတပ်ဖွဲ့က အဆောက်အဦးထဲသို့ ဝင်ရောက်စီးနင်းခဲ့အပြီးတွင် သေနတ်သမားကို ဖမ်းဆီးနိုင်ခဲ့ကြောင်း MFA ဘိုးလင်းကစားရုံ၏တာဝန်ရှိသူ မာဒီအက်ဖ်ရှာက ပြောခဲ့သည်။

သေနတ်သမား၏ဖမ်းဆီးခြင်းကိုခံခဲ့ရသော ဝန်ထမ်းနှစ်ဦးထဲမှာတစ်ဦးမှာ အဆိုပါသေနတ်သမား၏ ရည်းစား ဟောင်းတစ်ဦးဖြစ်ကြောင်း သူ၏ပြောဆိုချက်အရသိရသည်။

မျက်မြင်သက်သေတစ်ဦးက “ကျမတို့ကစားနေတုန်းမှာ ကျမတို့ဆီကို သေနတ်အတိုတစ်လက်ကိုင်ထား တဲ့ လူတစ်ဦး ပေ ၂၀ ပေ ၃၀ အကွာကနေ လျှောက်လာတာကို တွေ့လိုက်ရပါတယ်။ သူကလူအားလုံးကို အပြင် ထွက်သွားဖို့ အော်လိုက်တဲ့အချိန်မှာ ကျမက သူစနောက်နေတာလို့ ထင်ခဲ့ပေမယ့် တုန်လှုပ်မှုလည်း ရှိခဲ့ပါတယ်” ဟု ပြောခဲ့သည်။

အခြားမျက်မြင်သက်သေတစ်ဦးက “ သေနတ်သမားဟာ ဓားစာခံနှစ်ဦးကို ဘိုင်းလင်းကစားရုံထဲမှာ ဖမ်းဆီး ထားတယ်လို့ ပြောခဲ့ပြီး မကြာခင်မှာပဲ ရဲကားတွေ၊ ရဟတ်ယာဉ်တွေ၊ အနံ့ခံခွေးတွေနဲ့ လက်နက်ကိုင်ရဲတွေ အဲဒီ့နေရာကို ရောက်လာခဲ့ပါတယ်။ တကယ့်ကို ထိတ်လန့်ဖို့ကောင်းတဲ့ အချိန်တစ်ခုပါပဲ” ဟု ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required