ဂျာမနီပါလီမန်အတွင်း လက်ယာစွန်းပါတီ ရောက်လာ၍ ပြည်သူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ

ဂျာမနီပါလီမန်အတွင်း လက်ယာစွန်းပါတီ ရောက်လာ၍ ပြည်သူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ

 

ဘာလင်၊ အောက်တိုဘာ ၂၃ ။           ။ လာမည့်သီတင်းပတ်တွင် ဂျာမနီလွှတ်တော်၌ လက်ယာစွန်း Alternative for Germany AfD ပါတီက ဆွေးနွေးမည်ကို ကန့်ကွက်ကာ ဘာလင်တွင် အောက်တိုဘာ ၂၂ ရက်က ဆန္ဒပြသူထောင်ပေါင်းများစွာ စုရုံးချီတက်ကြသည်။

“AfD ရပ်”၊ “သွေးထိုးမှုကို ကျွနု်ပ် အလိုမရှိ”၊ “မတူကွဲပြား နေထိုင်ရေး” စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒပြသူများက ဂျာမနီ၏ ရွေးကောက်ခံ လွှတ်တော်သစ်တွင် AfD အမတ်များ ပထမဆုံးအဖြစ် ဝင်မထိုင်ကြမီ နှစ်ရက်အလိုတွင် စုရုံးကာ ကန့်ကွက်ကြခြင်းဖြစ်သည်။

စက်တင်ဘာလအတွင်းက ကျင်းပခဲ့သော အရေးသာသည့် အထွေထွေရွေးကောက်ပွဲတွင် အစ္စလာမ်ကြောက်ရွံ့မှုနှင့် ရွှေ့ပြောင်းဝင်ရောက်သူများအား ဆန့်ကျင်မှု မူဝါဒအပေါ် ရပ်တည်သော AfD ပါတီက မဲ ၁၂ ဒဿမ ၆ ရာခိုင်နှုန်းဖြင့် နိုင်ငံ၏ တတိယအကြီးဆုံးပါတီ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ပါတီ၏ ထိပ်ပိုင်းအကြီးအကဲများ၏ ဂျာမန်တို့၏ ဇာတိမျိုးမာန်ဂုဏ် ကြွေးကြော်သံများနှင့် ဒုတိယကမ္ဘာစစ်ကြောင့် ပြေရာပြေကြောင်း လမ်းကြောင်းပေါ် သွားနေသည့် ခေတ်အခြေအနေကို စိန်ခေါ်ခြင်းတို့ ရှိနေသည့် AfD ပါတီ ယခုကဲ့သို့ ဂျာမနီ Bundestag လွှတ်တော်အတွင်း ရောက်လာခြင်းသည် စစ်ကာလနောက်ပိုင်း ဂျာမနီအတွက် နိုင်ငံရေးငလျင်တစ်ခုလည်းပဲ ဖြစ်နေသည်။

သို့သော်လည်း ပါတီ၏ ထောက်ခံမဲရရှိမှုသည် ၂၀၁၅ ခုနှစ်ကစပြီး နိုင်ငံခိုလှုံသူ ရွှေ့ပြောင်းဝင်ရောက်သူ တစ်သန်းကျော်အား လက်ခံခဲ့သည့် ဝန်ကြီးချုပ် မာကဲလ်၏ မူဝါဒကို ပြည်သူများက လက်သင့်မခံ အမျက်ထွက်ကြသည့် အဖြစ်ကို သက်သေပြနေသည့်သဖွယ်လည်း ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly