နယူးယော့ခ်စီးတီးအသင်းသို့ ယာယာတိုရေး ပြောင်းရွှေ့မည်

နယူးယော့ခ်စီးတီးအသင်းသို့ ယာယာတိုရေး ပြောင်းရွှေ့မည်

 

အောက်တိုဘာ ၂၃၊ မန်ချက်စတာ။                      ။ မန်ချက်စတာစီးတီး ကွင်းလယ်ကစားသမား ယာယာတိုရေးသည် ရာသီကုန်တွင်အသင်း၏ ညီအစ်မကလပ်ဖြစ်သော နယူးယော့ခ်စီးတီးအသင်း သို့ ပြောင်းရွှေ့တော့မည်ဟု ဒေးလီးစတားသတင်းတွင် ဖော်ပြထားသည်။

အသက် ၃၄ နှစ်အရွယ်ရှိကစားသမားကို အီတလီဂန္ထဝင် အန်ဒရေ ပီယာလို၏နေရာဆက်ခံသူအဖြစ် တွေ့မြင်ရမည်ဖြစ်သည်။

အသက် ၃၈ နှစ်အရွယ် ပီယာလိုသည် လက်ရှိရာသီကုန်တွင် အနားယူတော့မည်ဖြစ်သည်။

တိုရေးသည် မန်စီးတီးအသင်းနှင့် တစ်နှစ်စာချုပ်သစ် ချုပ်ထားသော်လည်း ကွင်းလယ်တွင်ကစားသမားကောင်းများ ပေါများနေ၍ နှစ်ပွဲသာ ကစားခွင့်ရထားသည်။

အမေရိကန်မေဂျာလိဂ်ကလပ် နယူးယော့စီးတီးအသင်းကို မန်စီးတီးကွင်းလယ်ကစားသမားဟောင်း ဗီအဲရာက နည်းပြအဖြစ် ကိုင်တွယ်နေသည်။

Ref; Daily Star

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required