‘ဝင်ဘာလေကွင်းမှာ အိမ်ကွင်းလို ထိတွေ့ခံစားလာပါပြီ’ - စပါးနည်းပြ ပိုချက်တီနို

‘ဝင်ဘာလေကွင်းမှာ အိမ်ကွင်းလို ထိတွေ့ခံစားလာပါပြီ’ - စပါးနည်းပြ ပိုချက်တီနို
(ဓာတ်ပုံ - အီးပီအေ)

စပါးအသင်းနည်းပြ ပိုချက်တီနိုက ဟယ်ရီကိန်းရဲ့ သွင်းဂိုးအပါအဝင် လီဗာပူးလ်အသင်းကို ၄-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရပြီးနောက် ၎င်းရဲ့အသင်းဟာ ဝင်ဘာလေကွင်းမှာ အိမ်ကွင်းကဲ့သို့ ခံစားရန် စတင်လာပြီဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်တစ်ခုမှာ စံချိန်တင် လာရောက်ကြည့်ခဲ့တဲ့ ပရိသတ် ၈၀,၈၂၇ ဦး ရှေ့မှောက်မှာ စပါးအသင်းဟာ လီဗာပူးလ်အသင်းရဲ့ ဆိုးရွားလှတဲ့ ခံစစ်ကစားပုံကို အခွင့်ကောင်းယူနိုင်ခဲ့တာကြောင့် ဒီရာသီ ၎င်းတို့ရဲ့ ၆ ပွဲမြောက် နိုင်ပွဲ ရရှိခဲ့ပြီး ဇယား ဒုတိယနေရာက မန်ယူအသင်းနှင့် ရမှတ်တူဖြင့် ရပ်တည်နိုင်ခဲ့ပါတယ်။

စပါးအသင်းဟာ ဝင်ဘာလေကွင်းကြီးမှာ ဒီရာသီ ပထမဆုံး လိဂ်ပွဲစဉ် ၃ ပွဲ နိုင်ပွဲ ပျောက်ဆုံးခဲ့သလို အဆိုပါကွင်းမှာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ရုန်းကန်ခဲ့ရပါတယ်။

“အသင်းဟာ ဝင်ဘာလေကွင်းမှာ ယုံကြည်မှု တည်ဆောက်ဖို့ စတင်နေပါပြီ။”လို့ ပိုချက်တီနိုက ပြောပါတယ်။ “အိမ်ကွင်းလို ခံစားလာနိုင်တာက ဒါဟာ အရေးကြီးပါတယ်။ ဒါဟာ ကျနော်တို့အတွက် သော့ချက်ဖြစ်ပါတယ်။ ဒီကွင်းမှာ ဒါကို ပြသဖို့ စတင်နေပြီလို့ ထင်ရပါတယ်။”

“ကျနော်တို့ဟာ အသင်းတစ်ခုခုကို အမီလိုက်နေတာဟာ တတိယမြောက် ရာသီဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ကောင်းကောင်းလုပ်ဆောင်နေပါတယ်။ သူတို့မှာ အံ့သြဖွယ် အစုအဖွဲ့ ရှိပြီး ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တစ်ဦးကိုလည်း ပိုင်ဆိုင်ထားပါတယ်”

“ကျနော်တို့ သူတို့ (မန်စီးတီး)ကို အမီလိုက်ဖို့ ကြိုးစားသွားမှာပါ။ ကျနော်တို့ နေ့တိုင်း အာရုံစူးစိုက်ပြီး လုပ်ဆောင်နေကြပါတယ်။”လို့ စပါးနည်းပြက ပြောပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags