ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသော ဘင်္ဂလီများကို ရခိုင်တွင်ပြန်လည်မထားရှိရန် စစ်တွေတွင် ဆန္ဒဖော်ထုတ်

By RiA
22 October 2017
ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသော ဘင်္ဂလီများကို ရခိုင်တွင်ပြန်လည်မထားရှိရန် စစ်တွေတွင် ဆန္ဒဖော်ထုတ်

စစ်တွေ၊ အောက်တိုဘာ ၂၂ ရက်။        ။ ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းကစတင်ခဲ့သည့် ARSA ဘင်္ဂလီအကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးသွားသော ဘင်္ဂလီများအား ရခိုင်ပြည်နယ်တွင် ပြန်လည်မထားရှိရန် ယနေ့ အောက်တိုလာလ ၂၂ ရက်နေ့ နေ့လည် ၁ နာရီအချိန်က စစ်တွေတွင် ဒေသခံများ ရာနှင့်ချီဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

“မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်စေပါးစော်ကားပြီးတော့ နယ်မြေကို သိမ်းမယ့်တိုက်ပွဲလုပ်နေတဲ့အတွက်ကြောင့် ဘင်္ဂလီတွေကိုလုံးဝလက်မခံနိုင်ဘူးဆိုတာကို ဦးဇင်းတို့က အခုလို ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်”ဟု ဆန္ဒဖော်ထုတ်ရာတွင် စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေးရဟန်းတော်များအသင်းမှ ဦးဆောင်ဆရာ တော် ဦးဓမ္မိကက မိန့်သည်။

ဆန္ဒဖော်ထုတ်ရန် စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေးရဟန်းတော်များက ဦးဆောင်ပြီး အရခိုင့်အလင်းတံခါးအဖွဲ့၊ အနောက်တံခါးကူညီစောင့် ရှောက်ရေးအသင်းတို့က ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

ယင်းကိစ္စရပ်များနှင့်ပတ်သတ်၍ သြဂုတ်လကုန်ပိုင်းကဖြစ်ပွားခဲ့သောအရေးသည်  ရခိုင်တစ်ခုတည်းအရေးမဟုတ် ကြောင်း၊ မြန်မာတစ်နိုင်ငံလုံးနှင့် သက်ဆိုင်သောအရေးဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်သူ အနောက် တံခါးကူညီစောင့်ရှောက်ရေးအသင်းဥက္ကဌ ဦးအောင်ဌေးက ပြောသည်။

“ပြီးခဲ့တဲ့သြဂုတ် ၂၅ နေ့ကဖြစ်ပေါ်သွားတဲ့အတိုက်အခိုက်ခံရခြင်းဟာ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုလုံးဝတိုက် ခိုက်ခံရခြင်းဖြစ်တယ်ဆိုတဲ့ ပြယုဂ်ပါ။ စစ်သားသေတယ်။ ရဲသားသေတယ်။ လဝကသေတယ်။ အစရှိတဲ့နိုင်ငံ့ဝန်ထမ်း တွေအပါအဝင် တိုင်းရင်းသားမျိုးနွယ်စုတွေသေသွားကြတယ်။ စခန်းပေါင်း ၃၀ ကိုတစ်ပြိုင်နက်တည်းတိုက်ခိုက်ခံရ တယ်။ မြန်မာနိုင်ငံ၏ အဓိကအရေးကြီးတဲ့ တစ်ဖက်နိုင်ငံနဲ့ အချက်အချာကျတဲ့နေရာမှာ ရခိုင်အရေးဆိုပြီးတော့ ရခိုင် တစ်ခုတည်းကိုပုံဖော်ပြခြင်းဟာ မြန်မာနိုင်ငံ အချုပ်အခြာအာဏာကို ပေါ့ပေါ့သေးသေးဖြစ်စေတယ်လို့ သုံးသပ်မိပါ တယ်”ဟု ဦးအောင်ဌေးက ပြောသည်။

ယင်းဆန္ဒဖော်ထုတ်ပွဲတွင် လူထု ၅၀၀ ခန့်က အဆိုပါကြွေးကြော်သံများဖြင့်အော်ဟစ်ပြီး စစ်တွေမြို့ရှိ ဝင်္ကဘာကွင်း မှစတင်ကာ မြို့အနှံ့ချီတက်ထုတ်ဖော်ခဲ့ကြောင်းနှင့် စစ်တွေအပါအဝင် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြားတွင် လည်း တစ်ပြိုင်နက်တည်းဆန္ဒ ဖော်ထုတ်ခဲ့ကြကြောင်း စစ်တွေသတင်းထောက်ကသတင်းပေးပို့ထားသည်။

ကုလသမ္မဂ၏ ထုတ်ပြန်ချက်ထဲတွင် အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသူ လေးသိန်းကျော်ရှိကြောင်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly