ချယ်လ်ဆီးအသင်းက ထုတ်ပယ်ခံရမည်ကို မည်သည့်အခါကမှ မကြောက်ရွံ့ခဲ့ဟု ကွန်တီပြော

ချယ်လ်ဆီးအသင်းက ထုတ်ပယ်ခံရမည်ကို မည်သည့်အခါကမှ မကြောက်ရွံ့ခဲ့ဟု ကွန်တီပြော

အောက်တိုဘာ ၂၂၊ အင်္ဂလန် ။            ။ ဝက်ဖို့ဒ်အသင်းကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ချယ်လ်ဆီးနည်းပြကွန်တီက ချယ်လ်ဆီးအသင်းမှ ထုတ်ပယ်ခံရမည်ကို မည်သည့်အခါကမှ ကြောက်ရွံ့ခဲ့ခြင်းမရှိကြောင်း ပြောဆိုလိုက်သည်။

ဝက်ဖို့ဒ်နှင့်ပွဲစဉ်တွင် ပက်ဒရိုက ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ဝက်ဖို့ဒ်အသင်းက ၂ ဂိုးပြန်လည်သွင်းယူခဲ့သည့်အတွက် ချယ်လ်ဆီးတို့ အနိုင်ရရန်ရုန်းကန်ခဲ့ရသည်။ သို့သော် ဘတ်ရူအာယီက ၂ ဂိုး၊ အက်စ်ပီလီကျူတာက ၁ ဂိုးထပ်သွင်းပေးခဲ့သည့်အတွက် ချယ်လ်ဆီးတို့ ၄-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။

“ရိုးရိုးသားသားဝန်ခံရရန် ကျွန်တော်ဖိအားတွေ အများကြီးခံစားခဲ့ရပါတယ်။ ဒါပေမဲ့ အဲ့ဒါက ချယ်လ်ဆီးအသင်းဘက်က ကျွန်တော့်ကို ထုတ်ပယ်ခဲ့ရင်ဆိုတဲ့ ဖိအားမျိုးတော့ မဟုတ်ပါဘူး။ အဲ့ဒီလိုဖိအားမျိုးလုံးဝမရှိပါဘူး။ ကျွန်တော့်အလုပ်အပေါ်မှာ ယုံကြည်မှု အပြည့်အ၀ ရှိပါတယ်။

ကျွန်တော်ခံစားရတဲ့ဖိအားက ကျွန်တော့်ကစားသမားတွေ ပရိသတ်ကျေနပ်အောင် ကစားနိုင်ပါ့မလားဆိုတဲ့ ဖိအားပါ” ဟု ကွန်တီက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required