မလေးရှားဆောက်လုပ်ရေးဆိုဒ်တစ်ခုမှာ မြေပြိုကျမှုဖြစ်ပြီး လုပ်သား နှစ်ဦးသေဆုံးကာ ၁၂ ဦး ပျောက်ဆုံးနေ

မလေးရှားဆောက်လုပ်ရေးဆိုဒ်တစ်ခုမှာ မြေပြိုကျမှုဖြစ်ပြီး လုပ်သား နှစ်ဦးသေဆုံးကာ ၁၂ ဦး ပျောက်ဆုံးနေ

 

အောက်တိုဘာ ၂၁ ။              ။ မလေးရှားနိုင်ငံ ပီနန်ကျွန်းက ဆောက်လုပ်ရေးလုပ်ငန်းဆိုဒ်တစ်ခုမှာ အောက်တိုဘာ ၂၁ ရက်အစောပိုင်းက မြေပြိုမှုတစ်ခုဖြစ်ပေါ်ခဲ့လို့ အလုပ်သမားနှစ်ဦး သေဆုံးခဲ့ပြီး အခြား ၁၂ ဦး ပျောက်ဆုံးနေလျက်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပီနန်းကျွန်းပေါ်က Tanjong Bungah ဧရိယာမှာ ရှိတဲ့ ဆိုဒ်တစ်ခုမှာ အဆိုပါ ဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးသမားတွေ အမြန်ဆုံး သွားရောက်ကယ်ဆယ်နေလျက်ရှိကြောင်း မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနက ထုတ်ပြန်ပါတယ်။

ယခုအခါ ရွှံ့ပုံတွေအောက်ကနေ ရုပ်အလောင်းနှစ်လောင်း ပြန်လည်ရှာတွေ့ထားခဲ့ပြီဖြစ်ပြီး ကျန် လုပ်သား ၁၂ ဦးကတော့ ယခုထက်ထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Anur Omar က ပြောပါတယ်။

သေဆုံးသွားသူကတော့ ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ဖို့များတယ်လို့လည်း ၎င်းက ဆိုပါတယ်။

မြေပြိုမှုဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းကိုတော့ မသိရှိရသေးကြောင်းနဲ့ ယခုဖြစ်စဉ်မဖြစ်ပွားမီကတော့ မိုးသည်းထန်စွာ ရွာသွန်းမှုများ မရှိခဲ့ကြောင်း ပီနန်ကျွန်း မြို့ကောင်စီ မြို့တော်ဝန် Maimunah Sharif က ပြောသွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly