မျက်လုံးကျန်းမာရေးကို ဘယ်လိုဂရုစိုက်မလဲ

မျက်လုံးကျန်းမာရေးကို ဘယ်လိုဂရုစိုက်မလဲ

ရေးသားသူ Dr. Ye Pyae Hein
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

သင်၏မျက်စိ တစ်စုံကို သတိမပြုဂရုမစိုက်ဘဲ ဘယ်တော့မှ မထားသင့်ပါ။မျက်ဈိန်းမာရေးအတွက် ချစ်မေတ္တာနှင့် ဂရုစိုက်မှု လိုအပ်ပါသည်။အောက်ပါတို့သည် သင့်မျက်စိကျန်းမာရေးအတွက် လိုက်နာသင့်သည်များ ဖြစ်ပါသည်။

ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာ

မျက်စိကျန်းမာရေးအတွက် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာကစတင်ရမည်။အသက်အရွယ်ကြီးမြင့်လာ

သောကြောင့် ဖြစ်သော မျက်စိရောဂါများ(ဥပမာ-မြင်လွှာနောက်ခံအင်္ဂါပျက်စီးခြင်း၊အတွင်းတိမ်)စသည်တို့မှ

ကာကွယ်ရန် အိုမီဂါ၃ အက်ဆစ်၊ဇင့်ဓာတ်၊လူတီယင်ဓာတ်၊ဗီတာမင် စီနှင့် အီး တို့ပြည့်ဝနေရန်လိုအပ်သည်။ထို အာဟာရ

ဓာတ်များ ရရှိရန် အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ပင်လယ်ငါး၊ကြက်ဥ၊အစေ့အဆန်၊ပဲ အမျိုးမျိုး၊ချဉ်သောအသီးများ၊ကင်းမွန်၊ နှင့်  ဝက်သားတို့ကို စားပေးရမည်။ကျန်းမာစေသော အာဟာရသည် မျက်စိကွယ်ခြင်း၏ အကြောင်းအရင်းများ ဖြစ်သည့်  အဝလွန်ခြင်း နှင့် ဆီးချိုရောဂါ ကို ကင်းဝေးစေသည်။

ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ

ဆေးလိပ်သောက်ခြင်းသည်အတွင်းတိမ်ရောဂါ၊အမြင်အာရုံကြောပျက်ဆီးသည့်ရောဂါ နှင့် မြင်လွှာနောက်ခံသားပျက်စီးသည့် ရောဂါတို့ ဖြစ်နိုင်ချေကို  တိုးမြင့်စေသည်။ဆေးလိပ်ဖြတ်ရန် ခက်ခဲသည့် အတွက် ဆေးလိပ်စွဲသူ အများစုသည် ပထမအကြိမ်ကြိုးစားရုံဖြင့်မအောင်မြင်တတ်ပေ။သို့သော်လည်း လွယ်လွယ် အရှူံးမပေးသင့်ပေ။ သင်၏အားထုတ်မှုကောင်းလေ အောင်မြင်ဖို့နီးလေ ဖြစ်ပါသည်။လိုအပ်ပါက ဆရာဝန်၏ အကူအညီကို ရယူပါ။

နေကာမျက်မှန်တပ်ခြင်း

  • နေရောင်ခြည်နှင့် ကြာရှည်စွာ ထိတွေ့ရဖန်များလျှင် အတွင်းတိမ်နှင့်  မြင်လွှာနောက်ခံသား ပျက်စီးသည့် ရောဂါတို့

ဖြစ်နိုင်ချေ မြင့်မားလာသည်။မျက်စိကို ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ရန် ယခုပင် နေကာမျက်မှန်တပ်သည့် အကျင့်ကို ကျင့်သုံးပါ။အကယ်၍ သင်သည် မျက်ကပ်မှန် တပ်သူဖြစ်ပြီး မျက်ကပ်မှန်တွင်နေရောင်ကာကွယ်သည့် အာနိသင် ပါစေပြီးစေကာမူ နေကာမျက်မှန် တပ်ဆင်ခြင်းဖြင့်  အကျိုးကျေးဇူး အချို့ ထပ်မံရရှိ

နိုင်ပါသေးသည်။

မျက်စိအကာအကွယ် ပစ္စည်းများ အသုံးပြုပါ

  • သင်သည် အန္တရာယ်ရှိသော အရာဝတ္ထုများ၊လေထဲတွင်လွင့်နေသော အမှုန်အမွှားများနှင့် ထိတွေ့ လုပ်ကိုင်နေရသူဖြစ်ပါက မျက်စိ အကာအကွယ် အသုံးပြုရန် ဘယ်တော့မှ မမေ့သင့်ပါ။ထို့ပြင် ခန္ဓာကိုယ်ချင်း လုံးထွေး သတ်ပုတ်ရသောအားကစား မျိုးကို ကစားတတ်ပါက သင့်မျက်စိကို ကာကွယ်ရန် မျက်နှာလုံးပြည့်လုံသော အကာအကွယ် ဦးထုပ်မျိုးဆောင်းပါ။

ကွန်ပြူတာကို နားနားပြီးသုံးပါ

  • သင်သည် ကွန်ပြူတာနှင့် အချိန်ကြာ ထိတွေ့လုပ်ကိုင်ရသူဖြစ်ပါက မကြာခဏအနားယူပေးဖို့လိုပါသည်။သင်တပ်ဆင်သော မျက်မှန်သည် ပါဝါအတိုးအလျော့ အမြဲ ကိုက်ညီမှုရှိပါစေ။ကွန်ပြူတာသုံးချိန်တွင် သင့်တော်မည့် မျက်မှန်မျိုးကို ဆရာဝန်နှင့်  တိုင်ပင်၍ တပ်ဆင်ပါ။ကွန်ပြူတာ မျက်နှာပြင် ကို မျက်စိကအနည်းငယ် ငုံ့ကြည့်ရသော အနေအထားတွင်ထားပါ။အလင်းရောင်စူးစူးများကို စိုက်မကြည့်ဖြစ်အောင် နေပါ။မိနစ် ၂၀ ခန့် ကွန်ပြူတာသုံးပြီး

တိုင်း မျက်စိကို အနားပေးသင့်ပြီး ၂ နာရီခြားတစ်ခါ  ကွန်ပြူတာသုံးပြီးတိုင်း ၁၅ မိနစ်ခန့် လမ်းလျှောက်ပေးပါ။မျက်စိအစိုဓာတ်အတွက် မကြာခဏ မျက်တောင်ခတ်ပေးပါ။

ဆရာဝန်နှင့် ဆွေးနွေးရန်

  • သင်၏ မျက်စိဆရာဝန်နှင့် ပုံမှန်ပြသရန် လိုအပ်ပါသည်။ထိုသို့ ပုံမှန် စစ်ဆေးမှုပြုလုပ်ခြင်းဖြင့်  ရောဂါလက္ခဏာ မပြဘဲ
  • ရှိနေတတ်သော ရေတိမ်ကဲ့သို့ ရောဂါ မျိုးကို စစ်ဆေးတွေ့ရှိနိုင်သည်။စောစီးစွာ ရောဂါကိုသိရှိ၍ ကုသပါက အကောင်းပကတိနီးပါး ပြန်လည် ကောင်းမွန်နိုင်ပါသည်။မျက်စိဆရာဝန် ၂ မျိုးရှိပါသည်။
  • -မျက်စိ အထူးကု ဆရာဝန် သည်မျက်စိကို ပြုစုစောင့်ရှောက်ခြင်း၌ အထူးပြုလေ့လာထားပြီး မျက်စိရောဂါများကို
  • ရှာဖွေ ကုသခြင်းအပြင် မျက်စိဆိုင်ရာ ခွဲစိတ်ကုသမှုများကိုပါ ပြုလုပ်ကြပါသည်။
  • မျက်စိသမားတော်သည် မျက်စိရောဂါများကို ကုသသော်လည်း မျက်စိဆိုင်ရာ ခွဲစိတ်မှုများကိုတော့ မပြုလုပ်ပါ။
  • မိမိမျက်စိ၏ လိုအပ်ချက်အပေါ် မူတည်၍ လိုအပ်သလို သင့်တော်သော ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်ကုသပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required