Ooredoo Enjoy the Internet

Shop.com.mm

ရွေးကောက်ပွဲကျင်းပဖို့ တစ်ရက်အလို ဂျပန်သို့ တိုင်ဖုန်းမုန်တိုင်း ဦးတည်လာနေ

.

 

အောက်တိုဘာ ၂၁ ။        ။ ဂျပန်နိုင်ငံမှာ ရွေးကောက်ပွဲတစ်ရပ် ကျင်းပဖို့ တစ်ရက်သာလိုတော့တဲ့အချိန် ယနေ့ အောက်တိုဘာ ၂၁ ရက်မှာတော့ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းတစ်ခု ယင်းနိုင်ငံဆီကို ဦးတည်ရွေ့လျားလာနေလျက်ရှိကြောင်း သိရပါတယ်။ ယင်းနိုင်ငံမှာ လာမယ့် အောက်တိုဘာ ၂၂ ရက်မှာပဲ အမျိုးသားရွေးကောက်ပွဲကို ကျင်းပသွားဖို့ ရှိနေရာမှာတော့ ယခုအခါ မုန်တိုင်းကြောင့်   နိုင်ငံမှာ ပြင်းထန်တဲ့ မိုးသက်လေပြင်းတွေ ကျရောက်လာဖို့ရှိနေပြီ ဆိုပြီး ပညာရှင်တွေက သတိပေးခန့်မှန်းထားပါတယ်။

နိုင်ငံဆီ ဦးတည်လာနေတဲ့ စူပါတိုင်ဖုန်း လန်းကတော့ အလွန်အားကောင်းတဲ့ မုန်တိုင်းကြီးတစ်ခု ဖြစ်လာမှာဖြစ်ကြောင်း ဂျပန် မိုးလေ၀သအေဂျင်စီက ထုတ်ဖော်ထားပြီး အဆိုပါမုန်တိုင်းကြောင့် အောက်တိုဘာ ၂၁ ရက်က နိုင်ငံတောင်ဘက် ပစိဖိတ်ရေပြင်မှာ လေတိုက်နှုန်း တစ်နာရီ မိုင် ၁၅၇ မိုင်ထိ ရှိနေကြောင်း သိရပါတယ်။

ယင်းကဲ့သို့ လန်း တိုင်ဖုန်းမုန်တိုင်း တစ်ဖြည်းဖြည်း ချဉ်းကပ်လာတာနဲ့အမျှ မုန်တိုင်းရွေ့လျားရာ လမ်းကြောင်းမှာ ရှိနေတဲ့ နိုင်ငံတောင်ပိုင်းက ဝေးလံတဲ့ ကျွန်းစုတွေက မဲဆန္ဒရှင်တွေကတော့ တနင်္ဂနွေနေ့ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးမှုတွေ လုပ်ဆောင်နေကြပြီဖြစ်ကြောင်း သိရပါတယ်။

အမေရိကန် ရေတပ် ပူးပေါင်းတိုင်ဖုန်းစောင့်ကြည့်သတိပေးရေးစင်တာကလည် ယင်းမုန်တိုင်းကို စူပါ တိုင်ဖုန်းအဖြစ် သတိပေးထားပါတယ်။

အဆိုပါ တိုင်ဖုန်းမုန်တိုင်းဟာ အောက်တိုဘာ ၂၂ ရက်မှာ အိုကီနာဝါကျွန်း အရှေ့ပိုင်းကို ရွေ့လျားလာပြီး နိုင်ငံရဲ့ ကမ်းရိုးတန်းဧရိယာတွေမှာ တိုက်ခိုက်လာလိမ့်မယ်လို့ ဂျပန်အေဂျင်စီက ခန့်မှန်းထားပါတယ်။

 ယင်းအပြင် မုန်တိုင်းဟာ အောက်တိုဘာ ၂၃ ရက်နံနက်ပိုင်းမှာ တိုကျို ဒါမှမဟုတ် အနီးအနား ဒေသတို့ကိုပါ တိုက်ရိုက် တိုက်ခတ်လာနိုင်ကြောင်းလည်း သတိပေးထားပါတယ်။

အောက်တိုဘာ ၂၂ ရက် ရွေးကောက်ပွဲကျင်းပစဉ်မှာတော့ နိုင်ငံတစ်ဝှမ်း နေရာအနှံ့အပြား၌ လေပြင်းကျမှု၊ မိုးကြီးမှုတို့ ရှိလာနိုင်ကြောင်း မိုးလေ၀သပညာရှင်တွေက သတိပေးထားပါတယ်။