အောက်တိုဘာ ၂၁၊ လန်ဒန်။ ။ ရီးယဲလ်မက်ဒရစ်အသင်း၏ စိတ်ဝင်စားခြင်းခံနေရသည့် စပါးတိုက်စစ်မှူဟာရီကိန်းသည် တစ်သင်းတည်းတွင်သာ စွဲမြဲစွာ ကစားသည့် ကစားသမားတစ်ဦးဖြစ်ချင်နေသည်။
လန်ဒန်မြောက်ပိုင်းကလပ်တွင် ကာလရှည်ဆက်ကစားရေးနှင့်ပတ်သက်ပြီး တိုက်စစ်မှူးက ပထမဆုံးအကြိမ်ထုတ်ပြောလိုက် ခြင်းဖြစ်သည်။
ဟာရီကိန်းက “တစ်သင်းထဲမှာပဲကစားတဲ့သူ ဖြစ်ချင်ပါတယ်။ အဲဒါက အသင်းဘယ်လိုပုံစံ ရှေ့ဆက်သွားမလဲဆိုတာနဲ့ နည်းပြ အပေါ်မူတည်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ အဆင့်ကောင်းတစ်ခုကို ရောက်နေတဲ့ ဒီမှာပဲ ကျွန်တော်ဆက်နေချင်ပါတယ်။
လေ့ကျင့်ရေးစင်တာက အံ့မခန်းပါပဲ။ ကွင်းသစ်လည်းရှိနေပြီ။ နည်းပြကလည်း ထက်မြက်တယ်။ ငယ်ရွယ်တဲ့အသင်းကိုလည်း ပိုင်ဆိုင်ထားတယ်။ သိပ်ကောင်းနေပါတယ်”ဟု ပြောသည်။
ကိန်းက ဂိုးသွင်းစွမ်းရည်ကြောင့် ဥရောပထိပ်သီးကလပ်များစွာက စိတ်ဝင်စားနေကြသည်။ သို့သော်တစ်ပတ် ပေါင် တစ်သိန်းရ နေသည့် တိုက်စစ်မှူးက ငွေကြေးထက် ဆုဖလားကိုသာ ပိုမိုအာသီသရှိသည်ဟု ပြောသည်။
Ref; Mirror