ထောက်ပံ့စရိတ်တစ်လ ကျပ်နှစ်သိန်းပေးမည့် အမျိုးသမီးယာဉ်မောင်းသင်တန်း နိုဝင်ဘာလဆန်းတွင် စတင်မည်

ထောက်ပံ့စရိတ်တစ်လ ကျပ်နှစ်သိန်းပေးမည့် အမျိုးသမီးယာဉ်မောင်းသင်တန်း နိုဝင်ဘာလဆန်းတွင် စတင်မည်
ဓာတ်ပုံ - ကိုတရုတ်လေး

 

ရန်ကုန်၊ အောက်တိုဘာလ ၂၁ ။       ။ ယာဉ်မောင်းအတွေ့ အကြုံလုံးဝမရှိသော အမျိုးသမီးများအား တစ်လလျှင် ထောက်ပံ့စရိတ် ကျပ်နှစ်သိန်းပေး မည့် အမျိုးသမီး ယာဉ်မောင်းသင်တန်းအား YBS အများပိုင်းကုမ္ပဏီတစ်ခုဖြစ်သည့် Power Eleven ကုမ္ပဏီ၊ YBS ၂၁ ယာဉ်လိုင်းက လာမည့် နိုဝင်ဘာလဆန်းပိုင်းတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Power Eleven ကုမ္ပဏီမှ YBS၂၁ ယာဉ်လိုင်းတွင် တာဝန်ထမ်းဆောင်ရန် ကျွမ်းကျင်ယာဉ်မောင်း အမျိုးသမီး ဦးရေ ၃ဝ ကို ရွေးချယ်ခေါ်ယူသွားမည့်အပြင် ယာဉ်မောင်းအတွေ့အကြုံလုံးဝမရှိသေး သူအမျိုး သမီးများကိုလည်း  သင်တန်းအတွက် အကန့်အသတ်မရှိခေါ်ယူသွားမည်ဖြစ်ကြောင်း Power Eleven ကုမ္ပဏီ မှ အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေး က မဇ္ဈိမသို့ ပြောသည်။

“ သင်တန်းကို လာမယ့် လဆန်းပိုင်းမှ စတင်မှာပါ။ အခုက သင်တန်းလျှောက်လွှာတွေလက်ခံပြီး အင်တာဗျူး တွေ လုပ်နေပါတယ်။ ယာဉ်မောင်းအတွေ့အကြုံမရှိတဲ့ အမျိုးသမီးတွေကတော့ သူတို့ပေါ်မှာ မှုတည်တယ်။ ရရင် ရသလောက်ကို ကျွန်တော်တို့က ရွေးမှာ။ အရေအတွက် အကန့်အသတ်မရှိဘူး။ ကျွန်တော်တို့က အနာ ဂတ်မှာ အမျိုးသမီးတွေနဲ့ ခရီးသွားယာဉ်တွေကို သီးသန့် မြို့တွင်းပြေးဆွဲပေးဖို့ ရည်ရွယ်ချက်ရှိတဲ့အတွက် ဖြစ်တယ်”ဟု ကိုတရုတ်လေးက ပြောသည်။

ထိုသို့ နိုဝင်ဘာလဆန်းပိုင်းတွင် ဖွင့်လှစ်မည့် အမျိုးသမီးယာဉ်မောင်းသင်တန်းအတွက် လျှောက်လွှာများအား စက်တင်ဘာလ ၂၆ ရက် နေ့မှစတင်လက်ခံပေးနေခြင်းဖြစ်ပြီး လက်ရှိတွင် သင်တန်းလျှောက်လွှာ ၁၁ဝ လက်ခံ ရရှိထားကာ ဦးရေ ၆ဝ ထိ အင်တာဗျူးမေးမြန်းထားပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ Power Eleven ကုမ္ပဏီအများပိုင်ကုမ္ပဏီမှ ဖွင့်လှစ်မည့် အမျိုးသမီးယာဉ်မောင်းသင်တန်းအတွက် ဘတ်ဂျက်အနေဖြင့် ခန်းမှန်းခြေ ကျပ် ၇၅ သိန်းမှ ကျပ်သိန်း ၁ဝဝ ထိအသုံးပြုသွားမည်ဖြစ်ပြီး သင်တန်း ကာလမှာ ၆ လထိကြာမြင့်မည်ဖြစ်ကြောင်း ကိုတရုတ်လေးကဆိုသည်။

ထိုယာဉ်မောင်းသင်တန်းမှ ယာဉ်မောင်းလိုင်စင် သက်တမ်း (၃) နှစ်ရှိသည့် အမျိုးသမီးများကိုလည်း ရွေးချယ် ထားသည့်အပြင်  လိုင်စင်မရှိသေးသည့်သူများကိုလည်း ယာဉ်မောင်းလိုင်စင်ရရှိသည့်အထိ ကူညီပေးသွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းအား လျှောက်ထားလိုသည့် အမျိုးသမီးများအနေဖြင့်  လိုင်စင်ဓာတ်ပုံ (၃) ပုံ၊ မှတ်ပုံတင်/ သန်းခေါင်စာရင်း/လိုင်စင် မိတ္တူ (၃) စုံ၊ တစ်ပတ်အတွင်း ရပ်ကွက်နေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာ၊ ပြစ်မူကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာမူရင်းများနှင့်အတူ ဖုန်း ဝ၉- ၄၅၆ဝ၆ဝဝ၆၉ အား ဆက်သွယ် စုံးစမ်း၍  လျောက်ထားနိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required