အာဖဂန်က ဗလီများ၌ အသေခံတိုက်ခိုက်ရာ လူ ရ၀ နီးပါး သေဆုံး

အာဖဂန်က ဗလီများ၌ အသေခံတိုက်ခိုက်ရာ လူ ရ၀ နီးပါး သေဆုံး

 

ကဘူးလ်၊ အောက်တိုဘာ ၂၁ ။                     ။ အာဖဂန်နစ္စတန်နိုင်ငံ ဂိုအာပြည်နယ်နှင့် ကဘူးလ်မြို့တော်ရှိ ဗလီများကို အောက်တိုဘာ ၂၀ ရက်က အသေခံတိုက်ခိုက်မှုများ ကျူးလွန်ရာ လူ ၇၀ နီးပါး သေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။

ရှီးယိုက် ဟာဇာရာလူနည်းစုများ အများစုနေထိုင်ရာ ကဘူးလ်ဝန်းကျင်အရပ်က ဗလီတစ်ခုအတွင်းတွင် အသေခံဗုံးခွဲသမားက တိုက်ခိုက်ဖောက်ခွဲခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက   ပြောခွင့်ရှိသူ မိုဟာမတ်ကာဝူစီက EPA သတင်းဌာနသို့ ပြောသည်။

ထိုပေါက်ကွဲမှုသည် အမ်မ်ဇာမမ်ဗလီတွင် သောကြာနေ့ ဝတ်ပြုဆုတောင်းသူများ စုရုံးနေစဉ် ညနေ ခြောက်နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
 
ဝတ်ပြုဆုတောင်းသူများကြား ရောက်ရှိနေသော အသေခံဗုံးခွဲသမားက ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ရဲဌာန ပြောရေးဆိုခွင့်ရှိသူ ဘာဆာမူဂျာဟစ်က ဆိုသည်။

ထိုပေါက်ကွဲမှုတွင် လူပေါင်း ၃၉ ဦး သေဆုံးပြီး ၄၅ ဦး ဒဏ်ရာရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူ နာဂျစ်ဒန်နစ်က တွစ်တာတွင် ရေးသားသည်။

မွန်ဂိုလီးယားမူလဇာတိဖြစ်ဖွယ်ရှိသော တိုင်းရင်းသားအုပ်စု ဟာဇာရာလူမျိုးစုသည် အစ္စလာမ်တွင် ဒုတိယကိုးကွယ်သူအများဆုံး ရှီယိုက်ကိုးကွယ်သူက အများဆုံးဖြစ်သည်။ အာဖဂန်က လူများစုမှာ ဆွန်နီမွတ်စလင်များ ဖြစ်ကြသည်။

ကဘူးလ်ဖောက်ခွဲမှု မတိုင်မီ တစ်နာရီခန့်က ဂိုအာပြည်နယ် ဒူလေနာခရိုင်က ခါဝါဂျာဂန်ဗလီတွင်လည်း အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားသည်။

အရေးပါသော တာလီဘန်ဆန့်ကျင်သည့် ပြည်သူစစ်တပ်သား ဖာဇယ်ခန်းနှင့် ၎င်း၏ လူများ ဗလီအတွင်း ဝတ်ပြုနေစဉ် ထိုအသေခံတိုက်ခိုက်မှု ဖြစ်ပွားခြင်းဟု ပြည်နယ်အုပ်ချုပ်ရေးမှူးရုံး ပြောခွင့်ရှိသူ အက်ဘ်ဒူဟိုင်က ဆိုသည်။

ထိုပေါက်ကွဲမှုအတွင်းမှာ ခန်းတို့ အုပ်စုအပါအဝင် သေဆုံးသူ ၃၀ ရှိခဲ့ကြောင်း ဂိုအာရဲဌာန ပြောရေးဆိုခွင့်ရှိသူ နီဇာမီက ဆိုသည်။

ယခုတိုက်ခိုက်မှုများအတွက် မည်သည့်အုပ်စုကမှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း မကြေညာသေးသော်လည်း ယခုသီတင်းပတ်အတွင်းမှာပင် ဖြစ်ပွားထားသော စစ်တပ်နှင့် ရဲ ၉၁ ဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှုများကိုမူ တာလီဘန်များက ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ကြေညာသည်။

ယခုဗလီတိုက်ခိုက်မှုများသည် လူသားများအပေါ် ကျူးလွန်သည့် ပြစ်မှုဖြစ်ကြောင်း အာဖဂန်သမ္မတ ဂါနီက ရှုတ်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required