ပန်းဦးလွှတ်သည့် ပြဿနာ မိန်းကလေးငယ်များအတွက် တိုင်ကြား ရခြင်းဟု တိုင်ကြားသူပြော

ပန်းဦးလွှတ်သည့် ပြဿနာ မိန်းကလေးငယ်များအတွက် တိုင်ကြား ရခြင်းဟု တိုင်ကြားသူပြော
ခွန်တန် (ခ) ခွန်အောင် (ခ) ဇာတ်လိုက် ဆိုသူအား တွေ့ရစဉ်။ ဓာတ်ပုံ-ဖေ့ဘုတ်

ရန်ကုန်၊ အောက်တိုဘာလ ၂ဝ ။           ။ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အလံတစ်ရာနယ်မြေတွင် ပန်းဦးလွှတ်သည်ဟုဆိုကာ ဖြစ်ပွားနေသည့် ကိစ္စအား ဌာနဆိုင်ရာများကို တိုင်ကြားခဲ့ရခြင်းမှာ မိန်းကလေးငယ်များ ထိုသို့ထပ်မံမကြုံတွေ့စေရန်အတွက် တိုင်ကြား ခဲ့ရခြင်းဖြစ်ကြောင်း သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာမှ မူလတိုင်ကြားခဲ့သူက မဇ္ဈိမသို့ ပြောသည်။

အလံတစ်ရာဆရာတော်ကြီး ဘဝကူးဝင်စားသူဟု ဆိုကာ  ခွန်တန် (ခ) ခွန်အောင် (ခ) ဇာတ်လိုက် ဆိုသူက ၂ဝ၁၄ ခုနှစ်မှ စတင်ကာ ၂ဝ၁၆ ခုနှစ်အထိအထိ မိန်းကလေးငယ် ၆ ဦးကို လက်ထပ်ကာ  ကွာရှင်းခြင်း မပြုဘဲ မိဘထံပြန်နေစေပြီး ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်နေသော်လည်း အောက်တိုဘာ ၂၀ ရက်အထိ သက်သေနှင့်အတူ  အမှုမဖွင့်နိုင်သေးပေ။

“ ကာယကံရှင် မိန်းကလေးတွေဘက်က အဖြစ်မှန်ဖော်ထုတ်မယ်ဆိုရင် ကျွန်တော်က တရားလိုလုပ်ပြီး အမှု ဖွင့်ဖို့ လုပ်ခဲ့သေးတယ်။ ဒါပေမယ့် မိန်းကလေးတွေကို မေးမြန်းလို့ လုံးဝမရဘူး။ ဒါကြောင့် ကျွန်တော်လည်း ဒီလိုတော့ မဖြစ်သေးဘူး ။ကျွန်တော်လည်း လုပ်လို့မရဘူးဆိုရင် အာဏာရှိတဲ့ အစိုးရအဖွဲ့အနေနဲ့ အမှုမှန် ဖော်ထုတ်ပေးဖို့အတွက် လုပ်မှ ရတော့မယ်ဆိုပြီးတော့ အမျိုးသမီးရေးရာကို ကျွန်တော်တိုင်စာကို တင်လိုက် တယ်။ ဒါတွေကို ဖော်ထုတ်အရေးယူပေးဖို့ဆိုပြီး တင်လိုက်တာပါ။ မဖော်ထုတ်ဘူးဆိုရင် နောက်ထပ် မိန်း ကလေးတွေ ဘယ်လောက်ကုန်ဦးမလဲမသိဘူး။ တစ်နှစ်ထဲကို သုံးယောက်ယူနေတာတွေ့ရတယ်။ ကျွန်တော် တိုင်စာထဲမှာ ခံရတဲ့ မိန်းကလေး ၆ ယောက်ပဲထည့်ပေးထားတယ်။ အပြင်မှာ တကယ်ဖြစ်တာက ၁၅ ယောက် လောက်ရှိနေပြီ”ဟု မူလတိုင်ကြားခဲ့သူကပြောသည်။

ဆက်လက်ပြီး မူလတိုင်ကြားသူ ဒေသခံက “ ဒီလိုတိုင်ကြားထားတဲ့အပေါ်မှာ အစိုးရအဖွဲ့ကလည်း ထိထိရောက် ရောက်အရေးယူပေးမယ်လို့ ယုံကြည်ပါတယ်။ ကာယကံရှင်မိန်းကလေးတွေကိုလည်း တစ်ဦးစီခေါ်စစ်မယ်ဆို ရင် မပေါ်စရာ အကြောင်းမရှိဘူးဗျ။ ဒါပေမယ့် အခုက ဇာတ်လိုက်နဲ့ သူအဖွဲ့က အကုန်လုံးကို လိုက်ပြီးတော့ နှုတ်ပိတ်ထားတာ။ အရင်တုန်းက မင်္ဂလာဆောင်တုန်းက ဖိတ်စာတွေကအစ အကုန်မီးရှိုးပစ်ပြီ။ ကျွန်တော်တို့ ဒီနေ့သတင်းပေးလိုက်တာနဲ့ ချက်ချင်းပဲ အကုန်လုံး သက်သေတွေလိုက်ပိတ်တာ။ သူတို့ အုပ်စုက အင်အား တော်တော်တောင့်တယ်ဗျ။ ကျွန်တော်တို့ လုပ်သာလုပ်ရတာ  ဒေသခံတွေက များသော အားဖြင့် သူတို့ဘက်မှာ ရပ်တည် နေတာတွေရှိတယ်။ လုပ်ရတာတော်တော်လေးတော့ ခက်တယ်”ဟု ၎င်းက ဆိုသည်။

ခွန်တန် (ခ) ခွန်အောင် (ခ) ဇာတ်လိုက် ဆိုသူမှာ လက်ရှိအချိန်တွင် ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး လက်ရှိတွင် ကရင်ပြည် နယ်၊ ကြာအင်းဆိပ်ကြီးဘက်သို့ ရောက်ရှိနေကြောင်း ၎င်းကျေးရွာဒေသခံများက ဆိုသည်။

ထိုသို့ အလံတစ်ရာကျေးရွာမှ အမျိုးသမီးငယ်များကို ပန်းဦးလွှတ်သည့် ကိစ္စနှင့်ပတ်သက်၍လည်း မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌထံ တိုင်ကြားစာနှစ်စောင်ရောက်ရှိ ထားပြီးဖြစ် ကြောင်း၊ အဆိုပါကိစ္စအား လာမည့် နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြည်နယ်လွှတ်တော်၌ ကြားနာမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly