ချင်းအမျိုးသားနေ့ကို ဟားခါးတွင်သာ ပြုလုပ်မည်ဖြစ်ကြောင်း ပြည်နယ်အစိုးရထုတ်ပြန်

ချင်းအမျိုးသားနေ့ကို ဟားခါးတွင်သာ ပြုလုပ်မည်ဖြစ်ကြောင်း ပြည်နယ်အစိုးရထုတ်ပြန်

အောက်တိုဘာ ၂၀ ။           ။ ချင်းအမျိုးသားနေ့အား ပလက်ဝမြို့တွင် ကျင်းပမည်မဟုတ်ဘဲ ချင်းပြည်နယ်မြို့တော် ဟားခါးတွင်သာ ကျင်းပ သွားမည်ဟု ပြည်နယ်အစိုးရက အောက်တိုဘာ ၁၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ချင်းပြည်နယ်လွှတ်တော်၏ ပူးတွဲအစည်းအဝေးအပြီး၌ ၂၀၁၈ ခုနှစ် ချင်းအမျိုးသားနေ့ကို ဟားခါးမြို့တွင်သာ ကျင်းပရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၈ ခုနှစ် ချင်းအမျိုးသားနေ့ကို ပလက်ဝမြို့တွင်ကျင်းပရန် ချင်းပြည်နယ်မှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူအများက ဆန္ဒရှိနေသော်လည်း ပြည်နယ်အစိုးရမှ ဟားခါးမြို့တွင်သာ ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းသို့ပြောင်းရွေ့ရခြင်းနှင့်ပတ်သက်ပြီး ပြည်သူအများ၏ လိုလားချက်ကို လျစ်လျူရှုခြင်းမဟုတ်ဘဲ စည်ကားသိုက်မြောက်စွာ ကျင်းပနိုင်ရန် ရွေ့ဆိုင်းခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်အား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း မရရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly