တယ်လီဖုန်းတစ်လုံးနဲ့ ဖလန်းဖလန်းသက်တမ်းပြန်ကြည့်မိခြင်း

တယ်လီဖုန်းတစ်လုံးနဲ့ ဖလန်းဖလန်းသက်တမ်းပြန်ကြည့်မိခြင်း

ကျွန်မကတော့ တယ်လီဖုန်းခရေဇီရှင့်။ ငယ်ကတည်းက နံပါတ်တွေထဲ လက်ထည့်လှည့်ရတဲ့ ဖုန်းကစလို့ ဆယ်လူလာလို ခေါက်ဖုန်းလေးတွေ၊ နိုကီရာတွေ၊ ခြင်းဖုန်းကအဆုံး နံပါတ်တစ်ခုရတာနဲ့   လျှောက်  လျှောက် ဆက်တော့တာပါပဲ။ တယ်လီဖုန်းယဉ်ကျေးမှု မထွန်းကားသေးတော့ ဆက်စရာလူဆိုတာ သိပ်ကို နည်းသေးတာပေါ့။

နောက် နိုကီရာ touch လေးတွေ ပေါ်လာတော့ မြန်မာနိုင်ငံရဲ့ တယ်လီကွန်လောက က ကျပ် ၅ သိန်းတန် ဖုန်းတွေနဲ့ အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန် လူကြားထဲ နိုကီရာတီးလုံးသံလေးနဲ့ ဖုန်းမြည်ရင် အကောင်ပဲ။ အားလုံးဝိုင်းကြည့်ရတဲ့ အကောင်ပေါ့။ ဒါပေမယ့် Java စနစ်နဲ့ဆိုတော့ ဖေ့ဘွတ်ခ်လို၊ ဂျီတော့ခ်လို မျိုး သုံးရတာ သိပ်မသွက်သေးဘူး။ နောက် ဖုန်းတွေမှာလည်း အင်တာနက် ချမပေးသေးဘူးဆိုတော့ Wifi ရတဲ့နေရာရောက်ရင် တကယ့်အိုအေစစ်ပေါ့ရှင်။

အဲဒီအချိန်တွေ တရုတ်ကဝင်တဲ့ touch ဖုန်းလေးတွေ သုံး၊လေးသောင်းဝန်းကျင်နဲ့ ရောင်းနေပြီရှင့်။ ဆမ်ဆောင်း၊ အိုင်ဖုန်းလိုဖုန်းတွေလည်း တွင်ကျယ်လာတာပေါ့ရှင်။ ဝိုင်ဖိုင်ရတဲ့ဆိုင်တွေ လိုက်ရှာရတာ အမောပေါ့ရှင်။ အင်တာာနက်ကဖေးတွေမှာ သုံးရတာထက် ကိုယ့်ဖုန်းလေးနဲ့ စိတ်အေးလက်အေးသုံးရတာကို အများစုက ပိုနှစ်ခြိုက်ကြတယ်ရှင့်။

မြန်မာ့ဆက်သွယ်ရေးက တယ်လီဇုန်းတွေမှာ အင်တာနက်အသုံးပြုခွင့် လျှောက်ထားခွင့်ပြုလာတော့ ကျပ် တစ်သောင်းနဲ့ တန်းစီပြီး အင်တာနက်ရဖို့ လျှောက်ခဲ့ရသေးတယ်ရှင့်။ ကိုယ့်ဖုန်းမှာ မိုဘိုင်းဒေတာလေး ပေါ်လာရင် စိတ်ချမ်းသာရတာက ပြောမပြတတ်အောင်ပါပဲ။ ဖုန်းနဲ့ အင်တာနက်ပေါ် ဟိုကြည့်ဒီကြည့်၊ ဖေ့ဘွတ်ခ်သုံး၊ သီချင်းနားထောင်နဲ့ လက်မလည်အောင်ပါပဲရှင်။

မြန်မာပြည်တွင်းအော်ပရေတာတွေအပြင် ပြည်ပက အော်ပရေတာတွေ ပြည်တွင်းဈေးကွက်ကို ဝင်လာတော့ ကျွန်မတို့လို ဖုန်းခရေဇီတွေအတွက် ရွေးချယ်စရာတွေ ပိုပေါလာတော့မယ်ဆိုပြီး   ပျော်ခဲ့ရသေးတယ်။ ကတ် ၃ ကတ်နဲ့ အလုပ်များရသလို Duel Sim ပါတဲ့ ဟန်းဆက်တွေ ပိုခေတ်စားလာပါတယ်။ ကျွန်မတို့လို သုံးစွဲသူတွေကတော့ ဖုန်း ၂ လုံး၊ ၃ လုံးနဲ့ အလုပ်များရတယ်ရှင့်။

အခုနောက်ပိုင်းမှာတော့ တယ်လီကွန်တွေရဲ့ ပက်ကေ့ချ်အမျိုးမျိုး၊ Data Plan ၊ Internet Package တွေအမျိုးမျိုးမို့ မျက်စိမူးစရာပေါ့ရှင်။ ဝန်ဆောင်မှုအမျိုးမျိုး၊ သက်သာတဲ့   နှုန်းထားတွေနဲ့ကြော်ငြာကြတာကြောင့် ဟို Plan လေး စမ်းလိုက်၊ ဒီ Plan လေး စမ်းလိုက်နဲ့ တ်နေ့ တစ်နေ့ မရိုးနိုင်အောင်ပါပဲ။

Multimedia ခေတ်ကြီးထဲမှာ အိမ်ထဲကနေ အားလုံးကို သိနိုင်ဖို့ ဖုန်းတစ်လုံးနဲ့ အင်တာနက် ကောင်းကောင်း လိုတယ်ရှင့်။ ကောင်းနိုးရာတွေ စမ်းကြည့်ရင်း ဟိုတလောကမှ အသစ်ကြေညာထားတဲ့ ပက်ကေ့ချ်လေး ဖေ့ဘွတ်မှာ တွေ့မိတယ်။ နေ့ပလန်၊ ညပလန်တွေနဲ့ အိပ်ရေးပျက်စရာမလိုဘဲ နေ့ည သုံးလို့ရတယ်ဆိုတော့ ကိုယ့်အတွက် အိုကေပဲပေါ့။

1MB ကို ၅ ကျပ်ပဲ ကျသင့်မယ့် အူရီဒူးရဲ့ ဖလန်းဖလန်းအစီအစဉ်မှာ Facebook သုံးမလား၊ Youtube ကြည့် မလား၊ ဘောလုံးပွဲကိုပဲ Live ကြည့်မလား၊ ကန့်သတ်ချက်တွေလည်း မပါတော့ ကိုယ်တွေအတွက်လည်း ဖလန်းဖလန်းပဲပေါ့။  ဝန်ဆောင်မှုတွေပဲ ကြည့်ပြီး ဖလန်းနေလို့ မရသေးပါဘူး။ ဈေးနှုန်း ဘယ်လောက်လို့ တွက်ချက်ရသေးတယ်ရှင့်။  ပုံမှန်ထက် ၈ ကျပ် ပိုသက်သာပြီး တခြားတယ်လီကွန်တွေထက် ၄၀ ရာခိုင်နှုန်း လောက် သက်သာသေးတော့ *555# ကိုခေါ်ပြီး ဖလန်းဖလန်း သုံးဖို့ ရယ်ဒီပါပဲ။

ဖုန်းနဲ့မျက်နှာ မခွာတဲ့ ကျွန်မအတွက်တော့ ဖေ့ဘွတ်နဲ့ အင်တာနက်ပေါ်မှာ ဖလန်းဖလန်းမြင်ကြရဦးမှာ အသေအချာပေါ့ရှင်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly