ကက်တလန်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုင်းငံ့ပြီး တိုက်ရိုုက်အုပ်ချုပ်သွားမည်ဟု စပိန်အစိုးရ ကြေညာ

ကက်တလန်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုင်းငံ့ပြီး တိုက်ရိုုက်အုပ်ချုပ်သွားမည်ဟု စပိန်အစိုးရ ကြေညာ

 

အောက်တိုဘာ ၂၀ ။               ။ ခွဲထွက်ရေးကြိုးပမ်းနေလျက်ရှိတဲ့ ကက်တလိုးနီးယားဒေသအပေါ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရပ်ဆိုင်းထားပြီး ဗဟိုအစိုးရကနေ တိုက်ရိုက်အုပ်ချုပ်မှုစနစ် ကျင့်သုံးသွားမည် ဖြစ်ကြောင်း စပိန်အစိုးရက အောက်တိုဘာ ၁၉ ရက်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဆန္ဒခံယူပွဲက ရလဒ်တွေအတိုင်းပဲ စပိန်ကနေ ခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာသွားမည်ဆိုပြီး ကက်တလန်ဒေသ ခေါင်းဆောင်က ထပ်မံ ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် မက်ဒရစ်အစိုးရက အထက်ပါအတိုင်း ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ယခုအခါမှာတော့ ကက်တလန်ခေါင်းဆောင်တွေရဲ့ အာဏာတစ်ချို့ကို လွှဲပြောင်းရယူထိန်းသိမ်းသွားမယ့် အရေး စီစဉ်သွားနိုင်ဖို့အတွက် လာမယ့် အောက်တိုဘာ ၂၁ ရက်မှာ အစိုးရအထူးအစည်းအဝေးတစ်ရပ်ကို ကျင်းပသွားမယ်ဆိုပြီး စပိန်ဝန်ကြီးချုပ် မာရီယာနို ရာဂျွိုင်းက ပြောပါတယ်။

ကက်တလန်ခေါင်းဆောင် ကားလ်စ် ပွေဒီမောင့်အနေနဲ့ စပိန်ကနေ ခွဲထွက်မယ့် အစီအစဉ်ကို အောက်တိုဘာ ၁၉ ရက်နောက်ဆုံးထားပြီး လက်လွှတ်ရမယ်ဆိုပြီး စပိန်အစိုးရဘက်က သတ်မှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ယင်းအပေါ် လျှစ်လျူရှုခဲ့ပြီး တရားဝင် လွတ်လပ်ရေးကိုပဲ ကြေညာသွားမှာဖြစ်တယ်ဆိုပြီး ပွေဒီမောင့်ဘက်က စပိန်ဝန်ကြီးချုပ် ရာဂျွိုင်းထံ   ပြန်လည်စာရေးသားပေးပို့ခဲ့ပါတယ်။

ယင်းအတွက်ကြောင့် အပြန်အလှန် စကားစစ်ပွဲကနေတဆင့် အခြေအနေက လိပ်ခဲတည်းလဲ အနေအထားကို ရောက်လာခဲ့ပြီ ဖြစ်ရာ ယခုအချိန်မှာ ဥရောပဇုန်ရဲ့ စတုတ္ထမြောက်အကြီးဆုံး စီးပွားရေးနိုင်ငံ စပိန်အတွက်ကတော့ လူမှုဆိုင်ရာ မငြိမ်သက်မှု၊ တိုးတက်မှု လျော့ကျနိုင်မှုတို့နဲ့ ရင်ဆိုင်ရမယ့်အပေါ် စိုးရိမ်နေရပြီ ဖြစ်ပါတယ်။

" အစိုးရဘက်က ဆွေးနွေးမှုတွေလုပ်ဖို့ ဆက်ပြီး ဟန့်တားနှောက်ယှက်နေဦးမယ်၊ ဆက်ပြီး ဖိနှိပ်နေဦးမယ်ဆိုရင်လည်း ကက်တလန် ပါလီမန်ကတော့ ဒီတိုင်းပဲ ရှေ့ဆက်သွားတော့မှာပါ၊ လွတ်လပ်ရေးကို တရားဝင်ကြေညာဖို့ ဆက်လုပ်သွားမှာပါ" ဆိုပြီး ကက်တလန်ခေါင်းဆောင်က စပိန်အစိုးရထံ ရေးသားအကြောင်းပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags