မက်ဆီက ၎င်းကိုကူညီသလို အမ်ဘတ်ပီကို ကူညီသွားမည်ဟု နေမာပြော

မက်ဆီက ၎င်းကိုကူညီသလို အမ်ဘတ်ပီကို ကူညီသွားမည်ဟု နေမာပြော

အောက်တိုဘာ ၂၀၊ ပြင်သစ် ။               ။ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက ၎င်းကို ဘာစီလိုနာအသင်းတွင် မက်ဆီက ကူညီပေးခဲ့သလို လူငယ်ကစားသမား အမ်ဘတ်ပီအား ကူညီပေးသွားမည်ဟု ပြောဆိုလိုက်သည်။

နေမာသည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က ဆန်းတို့စ်မှာ ဘာစီလိုနာသို့ ပြောင်းရွှေ့လာချိန်တွင် မက်ဆီက ၎င်းအား ထိပ်တန်းကစားသမားဖြစ်လာရန် ကူညီပေးခဲ့သည်။ နေမာသည် ဘာစီလိုနာတွင် ကစားခဲ့သည့် သုံးနှစ်တာကာလအတွင်း မက်ဆီထံမှ ဘောလုံးပေးပို့မှုအကြိမ်ပေါင်း ၈၉၄ ကြိမ် ရရှိခဲ့သည်။

ယခုနှစ်တွင် နေမာမှာ ဘာစီလိုနာမှ ပီအက်စ်ဂျီသို့ပြောင်းရွှေ့သွားခဲ့ပြီး ပြင်သစ်ကလပ်တွင် အဓိက တိုက်စစ်မှူးအဖြစ် အမ်ဘက်ပီ၊ ကာဗာနီတို့နှင့် တွဲဖက်ကစားရလျက်ရှိသည်။

နေမာသည် အသက် ၁၈ နှစ်အရွယ်ရှိ အမ်ဘတ်ပီနှင့် အတွဲအဖက်ညီညီကစားနိုင်ပြီး ဘောလုံးပေးယူမှု ၇၇ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်သည်။ နေမာသည် ပီအက်စ်ဂျီအသင်းအတွက် ၁၀ ပွဲပါဝင်ကစားထားရာတွင် ၉ ဂိုးသွင်းယူထားပြီး ၈ ဂိုးဖန်တီးပေးထားသည်။

“ အမ်ဘတ်ပီက ရွှေရောင်မျိုးဆက်ကစားသမားပါ။ သူ့မှာ ထိပ်တန်းအရည်အချင်းတွေရှိပါတယ်။ သူ့ကို ဒီထက်ပိုကောင်းလာအောင် ကူညီပြီး တွန်းအားပေးသွားမှာပါ။ ဘာစီလိုနာမှာ မက်ဆီ ကျွန်တော့်ကို လုပ်ပေးခဲ့သလိုပေါ့ဗျာ” ဟု နေမာက ပြောဆိုခဲ့သည်။

ရည်ညွှန်း အီးအက်စ်ပီအန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags