ချန်ပီယံလိဂ်သမိုင်းတလျောက် အသက် ၂ဝ နှစ်အောက် ကစားသမားများထဲမှ ဂိုးအများဆုံးသွင်းသူအဖြစ် အမ်ဘတ်ပီ ရပ်တည်

ချန်ပီယံလိဂ်သမိုင်းတလျောက် အသက် ၂ဝ နှစ်အောက် ကစားသမားများထဲမှ ဂိုးအများဆုံးသွင်းသူအဖြစ် အမ်ဘတ်ပီ ရပ်တည်
(ဓာတ်ပုံ - အီးပီအေ)

ပီအက်စ်ဂျီလူငယ်တိုက်စစ်မှူး အမ်ဘတ်ပီဟာ ပြီးခဲ့တဲ့ အန်ဒါလက်ချ်နှင့် ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ  တစ်ဂိုးသွင်းယူခဲ့ပြီး ၁၂ ပွဲမှာ ၈ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် UEFA ချန်ပီယံလိဂ်သမိုင်းတလျောက် ဆယ်ကျော်သက် လူငယ်ကစားသမားများထဲမှ ဂိုးအများသွင်းဆုံးသွင်းယူနိုင်တဲ့ ကစားသမားဖြစ်လာတယ်လို့ သိရပါတယ်။

အသက် ၁၈ နှစ်သာ ရှိသေးတဲ့ ကစားသမားဟာ ယခုနှစ်ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းသို့ ပြောရွှေ့ခဲ့သူဖြစ်ပြီး ဒီရာသီ ချန်ပီယံလိဂ်မှာ အသင်းအတွက် ၂ ဂိုး သွင်းယူထားပြီးဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရာသီက မိုနာကိုအသင်းမှာ ချန်ပီယံလိဂ်သွင်းဂိုး ၆ ဂိုး ရရှိခဲ့ပါတယ်။

ယခင်စံချိန်ဟောင်းဖြစ်တဲ့ နယ်သာလန်တိုက်စစ်မှူး ကလွိုင်ဗက်ရဲ့ အေဂျက်အသင်းနှင့်အတူ ၂ ရာသီအတွင်း သွင်းယူခဲ့တဲ့ ချန်ပီယံလိဂ်သွင်းဂိုး ၇ ဂိုး စံချိန်ကို အမ်ဘတ်ပီက ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အမ်ဘတ်ပီဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို မိုနာကိုအသင်းမှာ စတင်ခဲ့ပြီး ကစားသမားဘဝတစ်လျောက် ပြိုင်ပွဲစုံ ၆၇ ပွဲမှာ ၃၁ဂိုးအထိ သွင်းယူနိုင်ထားတဲ့ လူငယ်တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required