ယခင်အပတ်မှ အဆက်

ယခင်အပတ်မှ အဆက်

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ရာ ဝင်ရောက်ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများလည်း ပြင်ဆင်မှုများကို စတင် ပြုလုပ်နေပြီဖြစ်သည်။ သို့ဖြစ်၍ မဇ္ဈိမ၏ ရွေးကောက်ပွဲနှင့် အမျိုးသမီး အစီအစဉ်တွင်  ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း အမျိုးသမီးနှစ်ဦးနှင့် ဆွေးနွေးထားပြီး ရွေးကောက်ပွဲဝင်သည့် ရည်ရွယ်ချက်များ၊ ပါတီများတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများ ပါဝင်မှု၊ အမျိုးသမီး ကိုယ်စားလှယ်လောင်းများ၏ အခက်အခဲများ စသည်တို့ကို မေးမြန်းဆွေးနွေးထားသည်။

ပါဝင်ဆွေးနွေးပေးကြသူများမှာ ကရင်အမျိုးသားပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် နန့်ရှူဂေးခလိန် နှင့် ကရင်ပြည်သူ့ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် နန့်ခင်အေးဦးတို့ဖြစ်ပြီး စီစဉ်တင်ဆက်သူမှာ ပျိုးလက်ဟန် ဖြစ်သည်။  ၎င်းတို့နှစ်ဦးသည် ယခုတစ်ကြိမ် ရွေးကောက်ပွဲတွင် ပထမဦးဆုံးအကြိမ် ဝင်ရောက် ရွေးချယ် ခံကြမည့် သူများဖြစ်သည်။

ပျိုးလက်ဟန်

ဆရာမကို မေးချင်တာက  အမျိုးသမီးကိုယ်စားလှယ်လောင်းတစ်ယောက် အမျိုးသမီး လွှတ်တော် အမတ်အလောင်း တစ်ယောက် အနေနဲ့ ဘာများ အားသာချက်တွေရှိတယ်ဆိုတာ ပြောချင်ပါလဲ။

နန့်ခင်အေးဦး

ပထမဦးဆုံး အချက်ကတော့ ဆရာမတို့ ကရင်အမျိုးသမီးတွေကို  ငါ့တို့လည်းလုပ်လို့ရပါလား အမျိုးသမီး တွေအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ရွေးချယ်နိုင်တယ် ဆိုတဲ့ အချက်လေးတွေကို သိသွားမယ်။  ပြီးရင် သူတို့ကို လည်း အားပေးချင်တာက အခုန ညီမလေးပြောသလိုပါဘဲ။  ပညာတတ်သည်ဖြစ်စေ၊ ပညာမတတ်သော် လည်းဘဲ လုပ်ငန်းအတွေ့အကြုံနဲ့ သူတို့ဝင်ရောက်ယှဉ်ပြိုင်နိုင် တယ်ဆိုတဲ့အချက် အလက်လေးကို သူတို့သိသွားစေချင်ပါတယ်။ နောက်လွှတ်တော် ထဲရောက်တဲ့အခါမှာလဲ  အမျိုးသမီးတွေရဲ့ အရေးကိစ္စကို ပိုမိုပြီးတော့ လုပ်ကိုင်နိုင် လာမယ်လို့ယူဆပါတယ်။  

ပျိုးလက်ဟန်

ဆရာမနှစ်ယောက်စလုံးက ဧရာဝတီတိုင်းကိုကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်ပေါ့နော်။ ဆရာမအနေနဲ့ အမျိုးသမီးတစ်ယောက်က လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ရွေးချယ် တင်မြှောက်ခြင်း ခံရမယ်ဆိုရင် သူရဲ့နယ်မြေအတွက် သူရဲ့ ဇာတိက လူမျိုးစုအတွက် ဘာတွေများ အကျိုးပြုနိုင်မယ်လို့ မျှော်လင့်နိုင်ပါလဲ။

နန့်ရှူဂေးခလိန်  

ကျွန်မ အနေနဲ့ကတော့  ဘယ်လိုမျိုးနေထိုင်ရင် ဘယ်လိုနစ်နာမှုကိုခံစားရမလဲ။ ဒီလိုနစ်နာ လာပြီး ဆိုလို့ရှိရင် ဒီလိုမျိုးလေး ဆောင်ရွက်ရမယ်ဆိုတာ သူတို့ကို ပညာပေးမယ်။ နောက်တစ်ခါ သူတို့ရဲ့ ဘဝလေးတွေပေါ့ ဒီထက်ပိုပြီးအောင် တိုးတက်အောင်မြင်လာဖို့အတွက် ပညာတတ်တွေလုပ်ရမယ်။ ပညာတတ်တွေဖြစ်လာမှသာ နိုင်ငံအစွမ်းကို ပြနိုင်မှာ။  

ပျိုးလက်ဟန်

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags