ကမ္ဘာ့အချမ်းသာဆုံး အားကစားသမားများစာရင်းမှာ ဝင်ငွေ ပေါင်သန်း (၇၀) ဖြင့် စီရော်နယ်လ်ဒို ထိပ်ဆုံးမှာ ရပ်တည်

ကမ္ဘာ့အချမ်းသာဆုံး အားကစားသမားများစာရင်းမှာ ဝင်ငွေ ပေါင်သန်း (၇၀) ဖြင့် စီရော်နယ်လ်ဒို ထိပ်ဆုံးမှာ ရပ်တည်
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး စီရော်နယ်လ်ဒိုဟာ ကမ္ဘာ့အချမ်းသာဆုံး အားကစားသမားများစာရင်းမှာ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ဝင်ငွေ စုစုပေါင်းမှာ ပေါင်သန်း (၇၀)အထိ ရှိခဲ့ကြောင်း Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းအရ သိရပါတယ်။

အချမ်းသာဆုံး နာမည်ကျော် ပုဂ္ဂိုလ်များစာရင်းမှာ ဟယ်ရီပေါ်တာဇာတ်လမ်း ရေးသားသူ ဂျေကေရိုးလင်းက ဝင်ငွေ ပေါင် (၇၁) ရရှိခဲ့ပြီး စီရော်နယ်လ်ဒိုရဲ့ ဝင်ငွေမှာ ၎င်းထက် ပေါင် (၁)သန်းသာ လျော့နည်းခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ ကမ္ဘာ့အချမ်းသာဆုံး အားကစားသမားများစာရင်းမှာ နံပါတ် ၁၁ နေရာက ဝင်ငွေ ပေါင် ၃၂ သန်းနဲ့ ရပ်တည်နေတဲ့ အင်္ဂလိပ်အားကစားသမား နာမည်ကျော် ဖော်မြူလာဝမ်းပြိုင်ကားမောင်းသူ ဟာမီလ်တန်ထက် ဝင်ငွေ (၂)ဆကျော် ပိုမိုများပြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဟာ ငွေကြေးသုံးစွဲမှုများ မြင့်မားနေပေမယ့်လည်း ကမ္ဘာ့ဝင်ငွေအများဆုံးရရှိသူ (၂၀)ဦး စာရင်းထဲမှာ အင်္ဂလန်ရဲ့ ကိုယ်စားပြု တစ်ဦးသာ ပါဝင်ခဲ့ပြီး ၎င်းမှာ ဝင်ငွေမှာ ပေါင် (၂၄) သန်း ရရှိခဲ့တဲ့ မန်ယူအသင်း တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်ဖြစ်ပါတယ်။

အဆိုပါကမ္ဘာ့အချမ်းသားဆုံ အားကစားသမားစာရင်းမှာ နာမည်ကျော် တင်းနစ်သမား ရော်ဂျာဖက်ဒါရာက  တစ်နှစ်တာအတွင်း ဝင်ငွေ ပေါင် ၄၈ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

စီရော်နယ်လ်ဒိုရဲ့ ပြိုင်ဘက် မက်ဆီဟာ အဆိုပါစာရင်းမှာ ဒုတိယနေရာမှာ ဝင်ငွေ ပေါင် သန်း (၆၀)နဲ့ ရပ်တည်နေတာကို တွေ့ရပါတယ်။

Forbes မှ ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ကစားသမားရဲ့ ဝင်ငွေစာရင်းမှာ အခွန်မဆောင်မီ ဝင်ငွေများကို တွက်ချက်ဖော်ပြတာဖြစ်ပါတယ်။

Forbes ရဲ့ ကမ္ဘာ့အချမ်းသာဆုံး အားကစား (၁၀) ဦး စာရင်း

၁။ စီရော်နယ်လ်ဒို ပေါင် (၇၀) သန်း
၂။ မက်ဆီ ပေါင် (၆၀) သန်း
၃။ ဖက်ဒါရာ ပေါင် (၄၈) သန်း
၄။ မက်အီရွိင်း ပေါင် (၃၇) သန်း
၅။ ဟာမီလ်တန် ပေါင် (၃၄) သန်း
၆။ ဗက်တဲလ် ပေါင် (၂၉) သန်း
၇။ ဂျိုဂိုဗစ် ပေါင် (၂၈.၅) သန်း
၈။ နေမာ ပေါင် (၂၈) သန်း
၉။ အလွန်ဆို ပေါင် (၂၇.၃) သန်း
၁၀။ အူစိန်ဘော့စ် ပေါင် (၂၅.၉) သန်း

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required