"လိပ်ပြာစံအိမ်" ဇာတ်ကားကို ဘန်ကောက်တူမန္တလေးဇာတ်ကားဒါရိုက်တာ ရိုက်ကူးမည်

"လိပ်ပြာစံအိမ်" ဇာတ်ကားကို ဘန်ကောက်တူမန္တလေးဇာတ်ကားဒါရိုက်တာ ရိုက်ကူးမည်

ရန်ကုန် ၊ အောက်တိုဘာ ၁၉ ။            ။ သရုပ်ဆောင်ဒေါင်းကို ထူးထူးခြားခြား ဇာတ်ရုပ်ဖြင့် တွေ့မြင်ရမည့် "လိပ်ပြာစံအိမ်" ဟု အမည်ပေးထားသည့် ရုပ်ရှင်ဇာတ်ကားကို ထိုင်း ဒါရိုက်တာ (NAT) CHARTCHAI မှ ရိုက်ကူးသွားမည် ဖြစ်သည်။

လိပ်ပြာစံအိမ်" ရုပ်ရှင်ဇာတ်ကား သည် မိသားစုဒရာမာကား ဖြစ်ပြီး နိုင်နိုင်းက ဓာတ်ပုံဆရာ၊ အယ်ဒီတာအဖြစ် လည်းကောင်း၊ ဝတ်မှုံရွှေရည် က မိသားစုကို သံယောဇဉ်ကြီးသည့် မိန်းကလေး တစ်ဦးအဖြစ်လည်းကောင်း ပါဝင်သရုပ်ဆောင်မည် ဖြစ်သည်။

အခြား သရုပ်ဆောင်များလည်း အားဖြည့်ပါဝင်သည့် "လိပ်ပြာစံအိမ်" ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၈ ရက် တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရား၌ သရုပ်ဆောင်များဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

ဒါရိုက်တာ (NAT) CHARTCHAI က မြန်မာပရိသတ်အကြား လူကြိုက်များခဲ့သော ဘန်ကောက်မှ မန္တလေးသို့ ( Bangkok to Mandalay) ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့သူဖြစ်ပြီး နေတိုး ၊ စိုင်းစိုင်းခမ်းလှိုင် ၊ ဝတ်မှုံရွှေရည် နှင့် ထိုင်းမင်းသမီး Namwhann Pilaiporn တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး မြန်မာနိုင်ငံ၏ အထင်ကရ နေရာများတွင် ရိုက်ကူးခဲ့သည့် ဇာတ်ကား ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly