မန္တလေးတိုင်းဒေသကြီးအတွင်း အလုပ်အကိုင်ရှာဖွေသူ အများစုမှာ အင်ဂျင်နီယာများဖြစ်နေ

မန္တလေးတိုင်းဒေသကြီးအတွင်း အလုပ်အကိုင်ရှာဖွေသူ အများစုမှာ အင်ဂျင်နီယာများဖြစ်နေ

 

အောက်တိုဘာ၁၉ရက်၊ ၂၀၁၇ ။ မန္တလေး၊ မြန်မာ ။                   ။  မန္တလေးတိုင်းဒေသကြီးအတွင်းအလုပ်အကိုင်ရှာဖွေသူအများစုသည် အင်ဂျင်နီယာအလုပ်ကိုသာ အများဆုံး စိတ်ဝင်တစား ရှာဖွေနေကြကြောင်း မြန်မာပြည်၏ထိပ်တန်းအလုပ်အကိုင်ရှာဖွေရေး Website ဖြစ်သည့် JobNet.com.mm က သတင်းထုတ်ပြန်သည်။

ဒုတိယမြောက်အများဆုံးရှာဖွေကြသည့် အလုပ်အကိုင်များမှာ စာရင်းကိုင်အလုပ်အကိုင်ဖြစ်ပြီး တတိယအမျာဆုံးအဖြစ် နည်းပညာဆိုင်ရာအလုပ်အကိုင်များကိုရှာဖွေသူအများဆုံးဖြစ်ကြောင်း JobNet.com.mm က၎င်းတို့၏ စစ်တမ်းကိုအခြေခံ၍ ပြောသည်။တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် အလုပ်အကိုင်ရှာဖွေမှုများတွင် ဘဏ္ဍာရေးနှင့် စာရင်းကိုင် ကဏ္ဍများတွင် အလုပ်အကိုင် ရှာဖွေမှုသည် အများဆုံးဖြစ်သော်လည်း မန္တလေးတိုင်းဒေသကြီးအတွက်မှု အင်ဂျင်နီယာများစွာအလုပ်အကိုင်လိုအပ်နေကြောင်း ဖော်ပြနေသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း အင်ဂျင်နီယာအဖြစ် အလုပ်ရှာဖွေသူမှာ ၃၈.၂ ရာခိုင်နှုန်း၊ စာရင်းကိုင်အဖြစ် ၂၁.၁ ရာခိုင်နှုန်း၊ IT ဝန်ထမ်းအဖြစ် လုပ်ကိုင်လိုသူ ၁၅.၆ ရာခိုင်နှုန်းတို့ အသီးသီးရှိကြပြီး အခြားသော အလုပ်အကိုင်ရှာဖွေသူများလည်း ရှိကြသည်။

မန္တလေးတိုင်းဒေသကြီး ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌဦးအောင်သန်းက “မန္တလေးဖက်မှာအင်ဂျင်နီယာလုပ်ငန်းကိုပိုပြီး စိတ်ဝင်စားကြတယ်ဆိုတာ လျှပ်စစ်လုပ်ငန်းပိုင်းတို့၊ နည်းပညာလုပ်ငန်းပိုင်းတို့၊ ဆောက်လုပ်ရေးပိုင်းတို့ကို စိတ်ဝင်စား ကြတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခုကဒီလိုမျိုးလုပ်ငန်းတွေက မန္တလေးမှာသိပ်မရှိကြသေးတဲ့ အခါ အင်ဂျင်နီယာလုပ်ငန်းတွေနဲ့ ပတ်သက်တာတွေကရပ်သလိုဖြစ်သွားတဲ့ အခါ ပိုပြီးအလုပ်အကိုင်တွေရှာလာကြတဲ့သဘောပါ။”ဟု ၎င်း၏ အမြင်ကိုပြောသည်။

ထို့ကြောင့် မန္တလေးမြို့အတွက် လိုအပ်နေသော အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးနိုင်ရန်အတွက် ၂၀၁၇ ခုနှစ်အတွက် မန္တလေးအလုပ်အကိုင်ပြပွဲကြီးကို JobNet.com.mm က ဦးဆောင်၍ မန္တလေးမြို့ ဘူတာကြီးအပေါ်ထပ်ရှိ ဟိုတယ် Marvel တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ အလုပ်အကိုင်ပြပွဲကြီးတွင် နည်းပညာကုမ္ပဏီများ၊ လျှပ်စစ်ကုမ္ပဏီများ၊ ဆက်သွယ်ရေးကုမ္ပဏီများ၊ ဘဏ်နှင့် ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှု၊ စာရင်းအင်းစီမံခန့်ခွဲမှု၊ ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာပရော်ဖက်ရှင်နယ်များကို မြန်မာပြည်ရှိထိပ်တန်းကုမ္ပဏီ ကြီး ၂၅ ခုကျော်မှ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၈၀၀ ကျော်ကို တိုက်ရိုက်ခေါ်ဆိုသွားမည်ဖြစ်သည်။

JobNetက ပြုလုပ်သည့် အဆိုပါအလုပ်အကိုင်ပြပွဲအတွင်း ပြပွဲအခန်းငယ်များသို့ အလုပ်အကိုင် ရှာဖွေသူများကတိုက်ရိုက် အလုပ် များလျောက် ထား နိုင်ပြီးအင်တာဗျူး အခန်းငယ်များ ထားရှိပေးထားကာ အလုပ်ခေါ်လိုသူကုမ္ပဏီများက ချက်ချင်းအင်တာဗျူး၍ အလုပ်ခန့်ထားပေးမည် ဖြစ်သည်။

ကုမ္ပဏီအများစုသည် စာရင်းကိုင်၊ ဘဏ်လုပ်ငန်း၊ ငွေကြေးလုပ်ငန်း၊ Customer support၊ အရောင်းနှင့် မားကတ်တင်းပရော်ဖက်ရှင်နယ်များကိုရှာဖွေနေကြပြီး၊ အချို့သောကုမ္ပဏီများသည် နည်းပညာရှင်များနှင့် IT ကျွမ်းကျင်လုပ်သားများအလိုရှိနေကြသည်။ ထို့အပြင် HR နှင့်  စီမံခန့်ခွဲမှု အပိုင်းတွင်လည်း အလုပ်ခေါ်ဆိုလိုမှုများရှိနေကြပြီးJobNet မှ ပြုလုပ်ခဲ့သော အလုပ်အကိုင်ပြပွဲတိုင်းတွင် သက်ဆိုင်ရာနယ်ပယ်များမှ အလုပ်အကိုင်ရှာဖွေသူ ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

အလုပ်အကိုင်ရှာဖွေသူတစ်ယောက် အနေနဲ့ ဘယ်လိုတက်ရောက်နိုင်မလဲ

သင်သည် ရွှေမန္တလေးမြို့ခံတစ်ယောက်ဖြစ်ပြီး မန္တလေးမြို့တွင်း၊ ဒါမှ မဟုတ် ရန်ကုန်မြို့မှာအလုပ်လုပ်ကိုင်ဖို့ စိတ်ဝင်စား နေပြီဆိုရင်တော့ 2017 Mandalay Job Fairတွင် ဝင်ရောက်၍ စာရင်းပေးသွင်းနိုင်ပြီးJobNetရဲ့ Websiteမှာလည်းသင်ရဲ့ CV ကိုဝင်ရောက် ဖြည့်နိုင်ပြီး သင်စိတ်ဝင်စားတဲ့ အလုပ်အကိုင်တွေကို Email ကနေ အမြဲစောင့်ကြည့်ရယူနိုင်ပါတယ်။

အလုပ်အကိုင်ခေါ်ယူလိုတဲ့ မန္တလေးမြို့ခံကုမ္ပဏီများအတွက်

မန္တလေးမြို့ခံကုမ္ပဏီတွေအနေနဲ့လည်း အလုပ်အကိုင်ခန့်ထားလိုပြီး တကယ့်လုပ်ငန်းခွင် ကျွမ်းကျင်သူ ၃၀၀၀ လောက်နဲ့ တွေ့ဆုံနိုင်မယ့် အခွင့်အရေးရရှိလိုပါက[email protected]သို့ Email ပေးပို့ ဆက်သွယ်၍ ဖြစ်စေ၊ ဖုန်းနံပါတ် 099 544 591 (77-79)သို့ဖြစ်စေဆက်သွယ်ပြီး အလုပ်အကိုင်ပြခန်းနေရာကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ ပလက်တီနမ် စပွန်ဆာနဲ့ ရွှေ စပွန်ဆာနေရာတွေ အားလုံးရောင်းထွက်ထားပေမယ့် နေရာကောင်း ပြခန်းနေရာ နည်းနည်းကျန်သေးတာကြောင့် ခုပဲဖုန်းခေါ်ဆိုလိုက်ပါ။

ကူညီပံ့ပိုးပေးသော ကုမ္ပဏီများ ကျေးဇူးတင်ခြင်း

၂၀၁၇ မန္တလေးအလုပ်အကိုင်ပြပွဲကြီးဖြစ်ပေါ်လာစေရန်နှင့် မန္တလေးဒေသအတွက် အလုပ်ကိုင်အခွင့်အလမ်းများဖန်တီးနိုင်စေရန် ပလက်တီနမ် စပွန်ဆာများအဖြစ် ပံ့ပိုးကူညီကြသော Telenor ၊ ယူနိုင်တက်အမရဘဏ်၊ Mega Lifesciences နှင့် Pahtama Group နှင့် ရွှေစပွန်ဆာများဖြစ်ကြသောSP Bakery၊ Looking For a Change နှင့် Myanmar Breweryကုမ္ပဏီများအား JobNet.com.mmအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါသည်။

 

######

www.jobnet.com.mmအကြောင်း   “အကောင်းမွန်းဆုံးသော အလုပ်အကိုင်များအတွက် !မြန်မာ့နံပတ် (၁) အလုပ်အကိုင်ရှာ ဖွေရေးဝဘ်ဆိုဒ်ဖြစ်တဲ့ JobNet.com.mmမှာ ယခုပဲ စတင်ရှာဖွေလိုက်ပါ။ JobNet.com.mmဟာမြန်မာပြည်ရှိ ထိပ်တန်း ကုမ္ပဏီကြီးများအတွက် မှန်ကန်သင့်တော်သော အလုပ်သမား များရှာဖွေပေးမှုနှင့် အလုပ်အကိုင်ရှာဖွေနေသူများ အတွက်လည်း အခြားမည်သည့် နေရာတွင်မှရှာဖွေ မရနိုင်တဲ့ အကောင်းမွန်ဆုံးသော အလုပ်အကိုင်များ ရရှိနိုင်ရန် ကြိုးစားလုပ်ဆောင် ကူညီပေးနေတဲ့ ဝဘ်ဆိုဒ်တစ်ခုဖြစ်ပါတယ်။ JobNet.com.mmဝဘ်ဆိုဒ်တွင် ထောင်ပေါင်း များစွာသော job vacancies များကိုအွန်လိုင်းမှတဆင့် click တချက်တည်းဖြင့်ရှာဖွေ တွေ့ရှိ နိုင်ပြီဖြစ်ပါတယ်။

 

                                                    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly