ဟာရီကိန်းနှင့် အဲရစ်ဆင်ကို ဘာစီလိုနာကလည်းစောင့်ကြည့်နေ

ဟာရီကိန်းနှင့် အဲရစ်ဆင်ကို ဘာစီလိုနာကလည်းစောင့်ကြည့်နေ

အောက်တိုဘာ ၁၉၊ မက်ဒရစ်။           ။ စပါးအသင်းမှ တိုက်စစ်မှူး ဟာရီကိန်းနှင့် ကွင်းလယ်ကစားသမား အဲရစ်ဆင်တို့၏ကစားပုံကို ဘာစီလိုနာတာဝန်ရှိသူများက ဘာနေဗျူးကွင်းတွင် အင်္ဂါညကလာရောက်ကြည့်ရှုသွားခဲ့ကြောင်း စပိန်သတင်းများတွင်ဖော်ပြထားသည်။

ဘာစီလိုနာအားကစားဒါရိုက်တာ ရောဘတ် ဖာနန်ဒက်ဇ်သည် ခါးသီးပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်း စပါးနှင့် တစ်ဂိုးစီသရေကျသည့် ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်ကို လာရောက်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။

ဖာနန်ဒက်ဇ်သည် ကိန်းနှင့် အဲရစ်ဆင်တို့၏ခြေစွမ်းကိုလာရောက်ကြည့်ရှုခဲ့ခြင်းဖြစ်သည်ဟု မန်ဒိုဒီပို့တီဗိုသတင်းတွင်ဖော်ပြထား သည်။

လက်ရှိတွင် စပါးနှင့် အင်္ဂလန်အသင်းအတွက်အားထားနေရသည့် ကိန်းသည် ကမ္ဘာ့ဘောလုံးထိပ်သီးကလပ်အသင်းများ၏ အာရုံစိုက်ခြင်းကိုခံနေရသည်။

အသက် ၂၄ နှစ်အရွယ်တိုက်စစ်မှူး၏တိုးတက်မှုအခြေအနေကို ရီးယဲလ်မက်ဒရစ်အသင်းကစောင့်ကြည့်နေပြီး လာမည့်နွေရာသီတွင် ပေါင်သန်း ၁၅၀ ဖြင့်ကမ်းလှမ်းလိမ့်မည်ဟုသတင်းထွက်နေပြီး ဘာစီလိုနာကလည်း စောင့်ကြည့်လာခြင်း ဖြစ်သည်။

ဘာစီလိုနာအသင်းအနေဖြင့် အိုင်းယက်စ်ကွင်းလယ်ကစားသမားဟောင်း အဲရစ်ဆင်ကိုလည်း ကာလရှည်စောင့်ကြည့်နေသည်။

Ref; talksport

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly