ရွေးကောက်ပွဲကျင်းပမည့်နေ့၌ ဆန္ဒပြပွဲများပြုလုပ်ကြရန် ကင်ညာအတိုက်အခံခေါင်းဆောင် တိုက်တွန်း

ရွေးကောက်ပွဲကျင်းပမည့်နေ့၌ ဆန္ဒပြပွဲများပြုလုပ်ကြရန် ကင်ညာအတိုက်အခံခေါင်းဆောင် တိုက်တွန်း

 

နိုင်ရိုဘီ၊ ကင်ညာ၊ အောက်တိုဘာ ၁၉ ။                   ။ ကင်ညာအတိုက်အခံခေါင်းဆောင် ရိုင်းလာအိုဒင်ဂါက အောက်တိုဘာလ ၂၆ရက်နေ့တွင် ပြုလုပ်မည့် သူပါဝင် ယှဉ်ပြိုင်ရန်ငြင်းဆန်ထားသော သမ္မတရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် နိုင်ငံတစ်ဝန်း၌ ဆန္ဒပြပွဲအမြောက် အမြား ပြုလုပ်သွားကြရန် ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုခဲ့သည်။

“လာမယ့် ၂၆ ရက်နေ့မှာ ဆန္ဒပြပွဲတွေဖြစ်ပွားလာမှာပါ။ နိုင်ငံတစ်ဝန်းမှာ အကြီးမားဆုံးသော ဆန္ဒပြပွဲကြီးတွေ ပေါ်ပေါက်လာမှာဖြစ်ပါတယ်” ဟု နိုင်ရိုဘီမြို့ရှိ သူ့ကိုထောက်ခံသော လူထုကြီးအား သူက ပြောကြားခဲ့သည်။

ပြီးခဲ့သောလက ကင်ညာနိုင်ငံတော်တရားရုံးချုပ်သည် ကနဦးရွေးကောက်ပွဲမဲရလာဒ်ကို ပယ်ချခဲ့ပြီး သမ္မတ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပရန် အမိန့်ချမှတ်ခဲ့သည်။ ထို့နောက်တွင် ကင်ညာနိုင်ငံ၏ လွပ်လပ်သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ (IEBC) ကို ပြန်လည်ဖွဲ့စည်းခဲ့ခြင်းမရှိသည့်အတွက် ပြီးခဲ့သောအပတ်တွင် အိုဒင်ဂါက ရွေးကောက်ပွဲမှနှုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

လာမည့်အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပနိုင်လိမ့်မည်မဟုတ်ကြောင်း အိုဒင်ဂါက ဗုဒ္ဓဟူးနေ့တွင် အခိုင်အမာပြောကြားခဲ့သည်။ သို့သော်လည်း ရွေးကောက်ပွဲမဖြစ်မြောက်အောင် မည်ကဲသို့ တားဆီးသွားမည်ဆိုသည့်အကြောင်းအား သူက အသေးစိတ်ပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required