ကား အရှိန်လွန် မောင်းနှင်တဲ့ ပါရဲရား ယာဉ်မောင်းလိုင်စင် (၈)လထိ ပိတ်သိမ်းခံရ

ကား အရှိန်လွန် မောင်းနှင်တဲ့ ပါရဲရား ယာဉ်မောင်းလိုင်စင် (၈)လထိ ပိတ်သိမ်းခံရ
(ဓာတ်ပုံ - အီးပီအေ)

ဗလင်စီယာကွင်းလယ်ကစားသမား ပါရဲရားဟာ ယာဉ်အရှိန်လွန်မောင်းနှင်မှုအတွက် ၎င်းရဲ့ ယာဉ်မောင်းလိုင်စင်ကို (၈)လအထိ အသိမ်းခံခဲ့ရသလို ဒဏ်ငွေ ယူရို ၃,၆၀၀ ပေးဆောင်ခဲ့ရကြောင်း စပိန်တရားရုံးက အတည်ပြုခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ အရှေ့ပိုင်း စပိန်မြို့ရှိ လမ်းမပေါ်မှာ ကန့်သတ်မိုင်နှုန်း ၁ နာရီ ၅၀ ကီလိုမီတာကို ၁ နာရီလျှင် ၁၄၈ ကီလိုမီတာ (မိုင် ၉၂.၅) နှုန်းနဲ့ မောင်းနှင်းခဲ့တဲ့အတွက် အခုလို အရေးယူမှုပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဗလင်စီယာရှိ တရားရုံးတစ်ခုက အတည်ပြုပြောကြားခဲ့ပါတယ်။

ပါရဲရားကတော့ ဒီအဖြစ်အပျက်အတွက် သူဟာ အလွန်စိတ်မကောင်းဖြစ်ခဲ့ကြောင်း၊ အရေးယူမှုကို လက်ခံခဲ့ကြောင်း အင်္ဂါနေ့က တွစ်တာမှာ တင်ခဲ့ပါတယ်။

“ကားမောင်းနှင်ချိန်မှာ အမြဲတမ်း စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာဖို့ ဒါကို အထူးဂရုပြုဖို့ဆိုတာ အရေးကြီးပါတယ်။”လို့ သူက ပြောပါတယ်။

ဘရာဇီးဘောလုံးကစားသမားဟောင်း မားကို့စ်ပါရဲရားရဲ့ သားဖြစ်သူ ပါရဲရားဟာ ၂၀၁၁ ခုနှစ်က PSV အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး လက်ရှိမှာ ဗလင်စီယာအသင်းဆီ အငှားဖြင့် ကစားနေတာဖြစ်ပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required