ဥရောပပြိုင်ပွဲမှာ သွင်းဂိုး (၁၀၀)ပြည့်ခဲ့တဲ့ မက်ဆီ

ဥရောပပြိုင်ပွဲမှာ သွင်းဂိုး (၁၀၀)ပြည့်ခဲ့တဲ့ မက်ဆီ
(ဓာတ်ပုံ - အီးပီအေ)

ဘာစီလိုနာအသင်းက အိုလံပီယာကော့စ်အသင်းကို (၃-၁) ဂိုးနဲ့ အနိုင်ရတဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ မက်ဆီဟာ ဥရောပပြိုင်ပွဲမှာ သွင်းဂိုး (၁၀၀) ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ပြိုက်ဘက် ရီးယဲလ်မက်ဒရစ်ကစားသမား စီရော်နယ်လ်ဒိုဟာ ဒီနှစ်အစောပိုင်းက အဆိုပါဥရောပ ရာပြည့်သွင်းဂိုး ပြည့်မြောက်ခဲ့ပြီးဖြစ်ရာ မက်ဆီမှာလည်း ဥရောပပြိုင်ပွဲမှာ သွင်းဂိုး (၁၀၀) ပြည့်တဲ့ ဒုတိယမြောက်ကစားသမားဖြစ်လာပါတယ်။

ဥရောပပြိုင်ပွဲမှာ ရော်နယ်လ်ဒိုက ပွဲ (၁၅၂)ပွဲမှာ (၁၁၃) ဂိုးသွင်းခဲ့ပြီး မက်ဆီရဲ့ ရာပြည့်သွင်းဂိုးကတော့ ပွဲ (၁၂၂) ပွဲမှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၉၇)ဂိုးနှင့် ဥရောပစူပါဖလားပြိုင်ပွဲမှာ (၃)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အိုလံပီယာကော့စ်အသင်းနှင့်ပွဲမှာ မက်ဆီဟာ ပွဲချိန် (၆၁)မိနစ်မှာ ဘာစီလိုနာအတွက် ဒုတိယဂိုးဖြစ်တဲ့  ဥရောပပြိုင်ပွဲသွင်းဂိုး ၁၀၀ ဖြစ်စေမမယ့်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။

Ref; ESPN FC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required