ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွား

ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွား
(ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှာ ယနေ့ အောက်တိုဘာ ၁၉ ရက် နံနက် ၃ နာရီ ၃၀ မိနစ် အချိန်ခန့်မှ စတင်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားလျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ ထုတ်ပြန်ထားပါတယ်။ 

အဆိုပါ မီးလောင်မှုကို level2 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး နံနက် ၃း၅၀ အချိန်မှာ level 3 ယာဉ်အုပ်စုများ ထွက်ခွာပါတယ်။ နံနက် ၄း၃၀ အချိန်မှာတော့ မီးပိုမိုလောင်ကျွမ်းလျက်ရှိတာကြောင့် level 4 အဆင့်ထိ သတ်မှတ်ပြီး မီးငြိမ်းသတ်ခဲ့ရပါတယ်။

မနက် ၀၃:၃၀ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားနေပြီး ယနေ့ မနက်ပိုင်း ၆ နာရီ အထိ မီးညွှန့်မငြိမ်းဘဲ ဆက်လက်လောင်ကျွမ်းနေပါတယ်။ 

ဟိုတယ်မှာ တည်းခိုနေထိုင်သူများကို ချက်ထရီယမ် ဟိုတယ်နှင့် ဂျက်စမင်ပဲလေ့စ်ဟိုတယ်သို့ လတ်တလော ပြောင်းရွှေ့တည်းခိုနေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါတယ်။

ဟိုတယ်အဆောက်အဦအားလုံးနီးပါး လောင်ကျွမ်းခံထားရပြီး အကြောင်းရင်းကို မသိရှိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly