ပီအက်စ်ဂျီသို့ပြောင်းမည့် သတင်းကို မော်ရင်ဟိုပယ်ချ

ပီအက်စ်ဂျီသို့ပြောင်းမည့် သတင်းကို မော်ရင်ဟိုပယ်ချ

အောက်တိုဘာ ၁၈၊ မန်ချက်စတာ။           ။ ပီအက်စ်ဂျီအသင်းနှင့် ထွက်ပေါ်နေသည့် သတင်းများကို မန်ချက်စတာယူနိုက်တက်နည်းပြမော်ရင်ဟိုက ငြင်းဆန်ပယ်ချ လိုက်သည်။

ပေါ်တူဂီလူမျိုးနည်းပြသည် တနင်္ဂနွေနေ့ကပြုလုပ်သည့် ပြင်သစ်ရုပ်သံနှင့်အင်တာဗျူးတွင် နည်းပြဘဝကိုမန်ယူအသင်း၌ အဆုံးသတ်မည်မဟုတ်ကြောင်းနှင့် အသစ်များဖန်တီးရန် နည်းပြရည်မှန်းချက်များရှိနေဆဲဖြစ်ကြောင်း ပြောဆိုထားသည်။

ယင်းမှာ ထွက်တော့မည်ဟုပြောခြင်းမဟုတ်ကြောင်း မော်ရင်ဟိုက အင်္ဂါနေ့တွင်ပြောသည်။ “ကျွန်တော် ငါးနှစ်စာချုပ်မချုပ်သလို ပီအက်စ်ဂျီကိုလည်းသွားမှာ မဟုတ်ပါဘူး”ဟု အသက် ၅၄ နှစ်အရွယ် မော်ရင်ဟိုကပြောသည်။

အဖြေမှာ အင်္ဂလိပ်မီဒီယာများထံတွင်သာရှိသည်ဟုလည်း မော်ရင်ဟိုကဆိုသည်။ “ဘာကြောင့်လည်းဆိုတော့ ဒီနေ့မှာ ကျွန်တော် တစ်နှစ်ပေါင်တစ်ဘီလျံတန်ငါးနှစ်စာချုပ် ချုပ်တော့မယ်လို့ သူတို့ပြောကြတယ်။ နောက်ရက်ကျတော့ ထွက်တော့မယ်၊ ပီအက်စ်ဂျီကိုပြောင်းတော့မယ်ဆိုပြီး သူတို့ပဲ ပြောကြပြန်ရော။

အဖြေက အဲဒါပဲလို့ ကျွန်တော်ထင်ပါတယ်။ ဘယ်တော့မှဖြစ်မလာမယ့် အဖြေပေါ့”ဟု မော်ရင်ဟိုကပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required