မန်စီးတီးမှာ ရီးယဲလ်၊ ဘာစီလိုနာတို့၏ အဆင့်သို့ ရောက်ရှိနေပြီဟု နာပိုလီနည်းပြဆာရီ ချီးကျူး

မန်စီးတီးမှာ ရီးယဲလ်၊ ဘာစီလိုနာတို့၏ အဆင့်သို့ ရောက်ရှိနေပြီဟု နာပိုလီနည်းပြဆာရီ ချီးကျူး

အောက်တိုဘာ ၁၈၊ အင်္ဂလန် ။  ။မန်စီးတီးအသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက်တွင် နာပိုလီနည်းပြ ဆာရီက မန်စီးတီးအသင်းသည် ဘာစီလိုနာနှင့်ရီးယဲလ်တို့၏ အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ချီးကျူးပြောဆိုလိုက်သည်။

ထိုပွဲစဉ်တွင် မန်စီးတီးအတွက်သွင်းဂိုးများကို စတာလင်းနှင့်ဂျီးဆပ်တို့က ပွဲချိန်ပထမပိုင်းတွင်သွင်းယူပေးခဲ့ပြီး နာပိုလီအတွက် ချေပဂိုးကို ဒုတိယပိုင်း ၇၃ မိနစ်၌ ဒိုင်ရာဝါရာက ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့သည်။ နာပိုလီအသင်းသည် ပင်နယ်တီ ၂ ကြိမ် ရရှိခဲ့ရာတွင် တစ်ကြိမ်သာဝင်ေအောင်ကန်သွင်းနိုင်ခဲ့သည်။

“မန်စီးတီးက ရီးယဲလ်နဲ့ဘာစီလိုနာတို့ အဆင့်ကိုရောက်ရှိနေပြီလို့ ကျွန်တော်ထင်ပါတယ်။ သူတို့မှာ တကယ်ကိုကောင်းမွန်တဲ့ အသင်းတစ်သင်းပိုင်ဆိုင်ထားပါတယ်။ သူတို့ဟာ နည်းစနစ်ပိုင်းရော၊ ကြံ့ခိုင်မှုအပိုင်းပါကောင်းမွန်ပါတယ်။ ခင်ဗျားအနေနဲ့ ကြံ့ခိုင်မှုပိုင်းနဲ့သူတို့ကို ယှဉ်ပြိုင်လာမယ်ဆိုရင် သူတို့က နည်းလမ်းပေါင်းစုံနဲ့ ကစားသွားနိုင်ပါတယ်” ဟု ဆာရီက ချီးကျူးခဲ့သည်။

မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်ပွဲစဉ် ၃ ပွဲစလုံးကို အနိုင်ရထားပြီး နောက်တစ်ဆင့်သို့တက်ရောက်ရန် သေချာသလောက်ရှိသွားပြီ ဖြစ်သည်။ ပရီးမီးယားလိဂ်တွင်လည်း ၈ ပွဲကစားပြီးချိန်တွင် ဒုတိယနေရာမှ မန်ယူကို ၂ မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required