ပါတီခေါင်းဆောင်မှုအတွက် အရေးကြီးသော တရုတ်ကွန်မြူနစ်ပါတီ ညီလာခံအတွက် ကိုယ်စားလှယ်များ ရောက်ရှိ

ပါတီခေါင်းဆောင်မှုအတွက် အရေးကြီးသော တရုတ်ကွန်မြူနစ်ပါတီ ညီလာခံအတွက် ကိုယ်စားလှယ်များ ရောက်ရှိ

ပေကျင်း၊ အောက်တိုဘာ ၁၇ ။         ။ တရုတ်နိုင်ငံ၏ စည်ကားသော မြို့တော်ပေကျင်းရှိ စားသောက်ဆိုင်မှသည် ကာရာအိုကေဆိုင်များအထိ လုပ်ငန်းဆိုင်ခန်းများသည် ကွန်မြူနစ်ပါတီ၏ ညီလာခံကြောင့် ယာယီပိတ်ထားကြသည်။

ငါးနှစ်တစ်ကြိမ် ကျင်းပမြဲ တရုတ်နိုင်ငံ၏ အရေးကြီးဆုံးသော ညီလာခံဖြစ်သည့် ၁၉ ကြိမ်မြောက် ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံကို အောက်တိုဘာ ၁၈ ရက်တွင် စတင်ကျင်းပတော့မည် ဖြစ်သည်။

ကိုယ်ကာယလေ့ကျင့်ရေးစင်တာများ၊ ရေတိုအငှားဝန်ဆောင်မှု ဝက်ဘ်ဆိုက်များ၊ အွန်လိုင်းလက်လီအရောင်းဆိုင်များက အဆိုပါ ညီလာခံကျင်းပချိန်အတွင်း ပေကျင်းမြို့တွင် လုပ်ငန်းရပ်နားထားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၆ ရက်က အေအက်ဖ်ပီသို့ ပြောသည်။

အဆိုပါ ညီလာခံအစည်းအဝေးတွင် သမ္မတ ရှီကျင့်ဖျင်အနေဖြင့် ဒုတိယငါးနှစ် သက်တမ်းအတွက် အာဏာခိုင်မြဲအောင် တည်ဆောက်လာလိမ့်ဖွယ်ရှိသည်။

ညီလာခံသို့ တက်ရောက်ရန် ပေကျင်းသို့ ကိုယ်စားလှယ်အဖွဲ့ ၃၈ ဖွဲ့စလုံး အောက်တိုဘာ ၁၆ ရက်က ရောက်ရှိသည်။

အဆိုပါ ကိုယ်စားလှယ်များသည် တရုတ်ပြည်နယ် ၃၁ ပြည်နယ်၊ ကွန်မြူနစ်ပါတီ CPC ဗဟိုကော်မတီဝင်များ၊ ဗဟိုအစိုးရအဖွဲ့ရင်းမြစ်များနှင့် ဗဟိုအစိုးရ ထိန်းချုပ်သော စီးပွားရေးလုပ်ငန်း ကိုယ်စားပြုသူများပဲ  ဖြစ်ကြသည်။ ထိုပြင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ လက်နက်ကိုင်ရဲတပ်ဖွဲ့နှင့် ထိုင်ဝမ် CPC အဖွဲ့ဝင်များလည်း ပါဝင်သည်။

ဆယ်စုနှစ် တစ်ခုလျှင် နှစ်ကြိမ်ကျင်းပမြဲဖြစ်သည့် အဆိုပါ ညီလာခံသို့ တက်ရောက်မည့် ကိုယ်စားလှယ်ဦးရေပေါင်းသည် နိုင်ငံတစ်ဝန်းရှိ CPC ပါတီဝင် ၈၉ သန်းကျော်မှ ရွေးချယ်သော ကိုယ်စားလှယ်ပေါင်း ၂၂၀၀ ကျော်ထက်မနည်း တက်ရောက်ကြမည် ဖြစ်သည်။

အဆိုပါ ညီလာခံတွင် CPC ခေါင်းဆောင်မှုသစ်နှင့် လာမည့်ငါးနှစ်နှင့် အလွန် အမျိုးသားဖွံ့ဖြိုးရေးမူကြမ်းတို့ကို ထုတ်ပြန်ဖွယ် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly