ဒါရိုက်တာ ညွန့် မြန်မာညီညီအောင် ရုပ်ရှင်ဇာတ်ကား ၄ကား ရိုက်ကူးမည်

ဒါရိုက်တာ ညွန့် မြန်မာညီညီအောင် ရုပ်ရှင်ဇာတ်ကား ၄ကား ရိုက်ကူးမည်

ရန်ကုန် ၊ အောက်တိုဘာ ၁၇။           ။ Triple Six ရုပ်ရှင် ထုတ်လုပ်ရေးမှ စီစဉ်သည့် "ဝေးမနေချင်ဘူး"၊ "မော်ဒန်ချစ်တီး"၊ 'ယောရောရှိ"၊ "ဒို့ပိုင်တဲ့မြေ” စသည့် ရုပ်ရှင်ဇာတ်ကား ၄ကားကို ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် က ရိုက်ကူးပုံဖော် သွားမည် ဖြစ်သည်။

Triple Six ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားများ ကန်တော့ပွဲပေး အခမ်းအနားကို အောက်တိုဘာ ၁၇ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အလံပြဘုရားလမ်းရှိ Tower B ၊ Penthouse တွင် ပြုလုပ်ခဲ့သည်။

ဝေးမနေချင်ဘူး ဇာတ်ကားကို ဇာတ်လမ်း ဇာတ်ညွှန်း သမီးမြတ်ကျော် ဖြစ်ပြီး သရုပ်ဆောင်များ အဖြစ် လူမင်း ၊နေမင်း ၊ ရွှေမှုံရတီ ၊ ထူးခြား ၊ အရိုင်း ၊ နွဲ့နွဲ့စန်း ၊ ခင်မို့မို့အေး နှင့် တခြား သရုပ်ဆောင်များစွာမှ ပါဝင် ရိုက်ကူးကြမည် ဖြစ်သည်။

ယောရောရှိ ဇာတ်ကားကို ဇာတ်လမ်း လင်္ကာညို ဇာတ်ညွှန်း မောင်လွင် (မြင်းမူ) ဖြစ်ပြီး သရုပ်ဆောင်များ အဖြစ် ကျော်ရဲအောင် ၊ ရာဇာနေဝင်း ၊ မင်းမော်ကွန်း ၊ ဖြိုးငွေစိုး ၊ မေသန်းနု ၊ မေသဉ္ဇာဦး ၊ ပိုင်ဖြိုးသု ၊ ရွှေသမီး အပြင် တခြား သရုပ်ဆောင်များစွာမှ ပါဝင် သရုပ်ဆောင်ကြမည် ဖြစ်သည်။

မော်ဒန်ချစ်တီး ဇာတ်ကားကို ဇာတ်လမ်း ၊ ဇာတ်ညွှန်း မင်းခိုက်စိုးစန် ၊ ထက်မြတ်နိုင်ဇင် ဖြစ်ပြီး သရုပ်ဆောင် များ အဖြစ် ရန်အောင် ၊ ကျော်ရဲအောင် ၊ စိုးမြတ်သူဇာ ၊ ခိုင်သင်းကြည် နှင့် အနုပညာရှင်များစွာ မှ ပါဝင် သရုပ်ဆောင် ကြမည်။

ဒို့ပိုင်တဲ့မြေ ဇာတ်ကားကိုတော့ သရုပ်ဆောင်သစ်များ ရွေးချယ်ပြီး သရုပ်ဆောင်အသစ်များဖြင့် ရိုက်ကူးမည် ဖြစ်ကာ လေ့ကျင့်မှုများလည်း လုပ်ဆောင်သွားမည်ဖြစ်ပြီး ရေခဲတောင်တွင် သွားရောက် ရိုက်ကူးသွားမည် ဖြစ်သည်။

ဝေးမနေချင်ဘူး ရုပ်ရှင်ဇာတ်ကား ကိုတော့ အောက်တိုဘာလထဲတွင် ရိုက်ကူးမည် ဖြစ်ပြီး ယောရောရှိ ဇာတ်ကား ကိုတော့ နိုဝင်ဘာလထဲတွင် ရိုက်ကူးမည် ဖြစ်ကာ ဟာသ ဇာတ်ကားတစ်ကားလည်း ဖြစ်သလို ဒို့ပိုင်တဲ့မြေ ဇာတ်ကားကိုတော့ ဒီဇင်ဘာလထဲတွင် ရိုက်ကူး ပုံဖော်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required