ကာ့ဒ်စစ်တပ် ထိန်းချုပ်ရာ ရေနံကြွယ်ဝသော ကဲရာကွတ်မြို့သို့ အီရတ်တပ်များ ထိုးစစ်ချီ

ကာ့ဒ်စစ်တပ် ထိန်းချုပ်ရာ ရေနံကြွယ်ဝသော ကဲရာကွတ်မြို့သို့ အီရတ်တပ်များ ထိုးစစ်ချီ

ကဲရာကွတ်၊ အောက်တိုဘာ ၁၇ ။        ။ အငြင်းပွားမှုများ ရှိနေသည့် ကဲရာကွတ်မြို့သို့ အီရတ်စစ်တပ်က ထိုးစစ်ချီလာပြီး ကာ့ဒ်စစ်အခြေစိုက်စခန်း တစ်ခုနှင့်  ရေနံမြေလုပ်ကွက်များ စီးနင်းသိမ်းယူကြောင်း ကာ့ဒ်အာဏာပိုင်များက အောက်တိုဘာ ၁၆ ရက်တွင် ပြောသည်။

“တောင်ပိုင်း တာဇာအရပ်ကနေ ကဲရာကွတ်မြို့ဆီ အီရတ်တပ်ဖွဲ့တွေနဲ့ မဟာမိတ်လက်နက်ကိုင်တပ်တွေ ချီတက်လာတယ်။ မြို့တွင်း ဝင်ရောက်စီးနင်းဖို့ပဲ။ ခု ကာ့ဒ်စစ်စခန်းတစ်ခုနဲ့ ရေနံလုပ်ကွက်တွေကို သိမ်းယူထားပြီဖြစ်တယ်။”ဟု ကာဒစ္စတန် လုံခြုံရေးကောင်စီက တွစ်တာတွင် ရေးသားသည်။

ရေနံကြွယ်ဝသော ကဲရာကွတ်ပြည်နယ်အရေး အငြင်းပွားမှုတွင် အီရတ်စစ်တပ်နှင့် ထိပ်တိုက်ဆိုင်နေသော ကာ့ဒ်တပ်ဖွဲ့ဝင်များဖက်တွင် ကာဒစ္စတန် အလုပ်သမားပါတီ PKK လက်နက်ကိုင်များပါ ပါဝင်နေသည်က စစ်ကြေညာနေခြင်း အသွင်ဆောင်ကြောင်း အီရတ်အစိုးရဖက်က ပြောသည်။

ကဲရာကွတ်တွင် ပုံမှန်လုံခြုံရေးတပ်များတွင် မပါဝင်သည့် တူရကီက ဥပဒေမဲ့ အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော PKK လက်နက်ကိုင်များပါ ရောက်ရှိနေခြင်းက အခြေအနေသည် အန္တရာယ်အရှိန် ကြီးမားစေပြီး စစ်ကြေညာသည့် အသွင်ဆောင်နေကြောင်း အီရတ်အမျိုးသားလုံခြုံရေးကောင်စီက ပြောသည်။

အီရတ် ဝန်ကြီးချုပ် အဘာဒီ ဦးဆောင်သည့် ယင်းကောင်စီ ထုတ်ပြန်ချက်တွင် “အီရတ်နှင့် အစိုးရအပေါ် စစ်ကြေညာနေသည်နှင့် ရင်ဆိုင်နေရခြင်းတွင် ခပ်မဆိတ်နေနေ၍ မဖြစ်နိုင်တော့ကြောင်း” ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly