Ballon d’Or ဆု ရရှိပါက နေမာ အပိုဆုကြေးယူရို ၃ သန်းရရှိမည်

Ballon d’Or ဆု ရရှိပါက နေမာ အပိုဆုကြေးယူရို ၃ သန်းရရှိမည်

 

အောက်တိုဘာ ၁၇၊ ပြင်သစ် ။         ။ ဘရာဇီးတိုက်စစ်မှူးနေမာအနေဖြင့် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ဆုကို ရယူနိုင်ပါက ပီအက်စ်ဂျီအသင်းထံမှ အပိုဆုကြေးပေါင် ၃ သန်း ရရှိမည် ဖြစ်သည်။

နေမာနှင့် ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုခဲ့သော စာချုပ်တွင် ထိုအချက်ကို ထည့်သွင်းချုပ်ဆိုထားခြင်းဖြစ်သည်။ ပီအက်စ်ဂျီအသင်းနှင့် ချုပ်ဆိုထားသော စာချုပ်သက်တမ်းအတွင်း ဆုရယူနိုင်သည့်နှစ်တိုင်း အပိုဆုကြေးရမည် ဖြစ်သည်။

နေမာသည် မက်ဆီနှင့်စီရော်နယ်ဒိုတို့သာ တစ်လှည့်စီရယူနေသည့် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ရယူနိုင်မည့်သူအဖြစ် မျှော်လင့်ခံရသူ ဖြစ်သည်။ ၂၀၁၅ ခုနှစ်က ဆန်ခါတင်သုံးဦးစာရင်းတွင်ပါဝင်ခဲ့ပြီး မက်ဆီနှင့်စီရော်နယ်ဒိုတို့နောက် တတိယသာ ရခဲ့သည်။

လက်ရှိတွင် နေမာသည် ပီအက်စ်ဂျီအသင်းနှင့်အတူ ၉ ပွဲကစားထားရာတွင် ၈ ဂိုးသွင်းယူထားနိုင်သူ ဖြစ်သည်။ နေမာအနေဖြင့် ပီအက်စ်ဂျီအသင်းတွင် ကစားရင်း ကမ္ဘာ့အကောင်းဆုံးဆုရရှိရန်မှာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်မှသာ ဖြစ်နိုင်လိမ့်မည်ဟု အားကစားကလောင်ရှင်များက သုံးသပ်ထားကြသည်။

ရည်ညွှန်း All Football

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required