အဆိုတော် Rဇာနည် နှင် ့တွေ ့ဆုံခြင်း အပိုင်း(၂ )

အဆိုတော် Rဇာနည် နှင် ့တွေ ့ဆုံခြင်း အပိုင်း(၂ )

မေး ...အဆိုတေ်ာဘဝနဲ့ မိသားစုကို ခမ်းခမ်းနားနားတည်ဆောက်ထားတာတွေ့ရတယ် ။ နောက် ခုဒီ သားလေးတယောက်ရှိတယ်ဆိုတော့ သားကိုရော ဖခင်တယောက်အနေနဲ့ ကြီးလာရင် ဘာဖြစ်စေချင်တဲ့ ဆန္ဒရှိလဲ ။

ဖြေ ..ပထမဆုံးမေးခွန်းကို စဖြေရရင် မိသားစုဘဝကို  ခမ်းခမ်းနားနားတည်ဆောက်ထား တယ်ဆိုတာက ကျွန်တော်က အမှားနဲ့အမှန်ကို သိသလောက်၊ တတ်သလောက်၊ မှတ်သလောက် ခွဲခြားပြီးတော့ လူက စိုးရိမ် ပူပန်မှုရယ်၊ ကြောက်စိတ်ရယ် ရှိလို့သာ ဘဝကို စုတ်စုတ်ပြတ်ပြတ် မဖြစ်အောင် ၊ ထိန်းထိန်းသိမ်းသိမ်းနဲ့ မိသားစုဘဝကို နေရတာပေါ့နော်။ နောက်ပြီးတော့ ကိုယ်လုပ်မှ ကိုယ်ရတယ်ဆိုတဲ့အသိတရားလည်း ရလာတော့ ကိုယ့်လင်ကိုယ်မယားပဲ စုစုဆောင်းဆောင်းနဲ့ ဘဝကို တိုးတက်အောင် ရုန်းကန်ရတာပေါ့။ သားလေးကြီးလာရင်တော့ မိဘအနေနဲ့ ကိုယ့်လို မပင်ပန်းစေချင်ဘူး။ ကိုယ့်ထက်လည်း ပိုတော်စေ၊ တတ်စေချင်တယ်။ သူရောက်လာတာလည်း ပါပါတယ်။ ခုလိုမျိုး ကျွန်တော်တို့ဘ၀ သူများအမြင်မှာ အဆင်ပြေသာယာတဲ့ အနေထားတစ်ခု ပိုင်ဆိုင်ထားတယ်ပေါ့။ ဒါပေမယ့်လည်း သက်သက်သာသာနေ နေရတာတော့ မဟုတ်ပါဘူး။  ကြိုးစားရုန်းကန်နေရတုန်းပါ ။  

မေး ...  ဘာသာရေး တော်တော်လုပ်ဖြစ်တယ်ကြားတယ် ။ အဲဒီအပေါ်ထားတဲ့စိတ်နဲ့ ခံယူချက်ကိုလည်း သိချင်ပါတယ် ။

ဖြေ ...   ဘာသာရေး လုပ်ဖြစ်တာကနေတာ့ မိဘ အသိုင်းဝိုင်းနဲ့ပဲဆိုင်ပါတယ် ။ ကျွန်တော်က ၂ နှစ်သားထဲက ဘုန်းကြီးဝတ်ရတယ်။ နှစ်စဉ်ဝတ်တာ ၁၀တန်းထိ၊ လမ်းသရဲလုပ်နေတဲ့အချိန်ထိပေါ့။ နောက် အဆိုတော်ဖြစ်လာမှ ဒီဆံပင်ကိစ္စကြောင့် မဝတ်ဖြစ်တော့တာ ကျဲသွားတယ်ပေါ့။ နောက်အဖေတို့၊ အမေတို့ နယ်တွေသွားတော့ အဒေါ်တွေနဲ့ နေတာဆိုတော့ အဒေါ်တွေက ဝတ်ရွတ်ရင် လိုက်သွားပြီး ဘာရယ်ညာရယ်မဟုတ်ဘူး။ လိုက်ရွတ်တော့ ဘုရားစာတော်တော်များများ အထိတွေ့ရှိနေတာပေါ့။

မေး...နောက်ထပ်မေးချင်တာအ ဆိုအပြင်ကို တခြားစိတ်ဝင်စားတဲ့ Player ဘ၀ ဆိုရင်ရော။

ဖြေ...ကျွန်တော်က ၆တန်းလောက်မှာတော့ ဂစ်တာတီးတယ် ။ ညီအကိုတွေ ဝိုင်းတီးကြတဲ့အထဲမှာ ကိုယ်က အညံ့ဆုံးပဲ ။ အဲ့ဒီတော့သူတို့တီး၊ ကိုယ်ကဆိုပေါ့။ ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ဆိုတော့ ဂစ်တာတီးလို့ မရတော့ ခုံခေါက်ပြီး ဆိုတော့ အဲ့ဒါကနေစပြီး ၊ နောက်လဘက်ရည်ဆိုင်ထိုင်ရင် Drum တွေ လိုက်နားထောင်ရင်း  တီးတာဝါသနာပါတယ် ။ သူက ကိုယ်ပင်ပန်းခံရင် ခံနိုင်သလောာက် တခြားဟာတွေက လက်ရော ဦးနှောက်ရော အကုန်ဆိုတော့..အားရပါးရပဲလုပ်ချင်ကိုင်ချင်စိတ်ရှိတော့Drum တီးတာကို ပိုဝါသနာပါတယ်။ ခုလည်း လေ့လာနေပါတယ် ။ ကျွန်တော့ဆရာပေါ့။ ကျော်ဇင်ပါ တခြား Drummer တွေလည်း လေ့လာပါတယ် ။

မေး ... အရင် ဇာနည်မျိုးညွှန် ့ ဘ၀ နဲ့ခု Rဇာနည် ဘ၀ ကွာခြားချက်ရှိလား ။

ဖြေ ... ကွာတာပေါ့ ။ အကုန်လုံး အစစအရာရာ ကွာတယ်ပဲ ပြောရမှာပေါ့ ။ အရင်က မိဘလုပ်စာထိုင်စား သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေပြီးတော့ အပူပင်ကင်းတယ်ပေါ့။ ခု Rဇာနည်ကတော့ ကိုယ့်မှာ တာဝန်တွေ ဝန်ထုပ်ဝန်ပိုးတွေ ၊ အသက်အရွယ်လည်း ရလာပြီ။ ကိုယ့်ကြောင့် လူတွေလည်း ထပ်တိုးလာပြီဆိုတော့ အရင် ဇာနည်မျိုးညွန့်နဲ့တော့ လုံးဝကို မတူတော့ဘူးပေါ ။ ကွာသွားပြီ ကိုယ့် Life Style ကိုလည်း Change ရတာပေါ့။

မေး... ခု နောက်ဆုံးမေးချင်တာ တစ်ခုက ခုဘဝကို ဒီလောက်နဲ့ ကျေနပ်ပြီလား။ နောက်ထပ် ဘာတွေ ထပ်ဖြစ်ချင်သေးလဲ။ ပရိသတ်အတွက် ဘယ်လိုသီချင်းအမျိုးအစားတွေ ဘာတွေထပ်လုပ်သွားမလဲ သိချင်ပါတယ် ။

ဖြေ...ဟုတ်။ ကျွန်တော်က လက်ရှိအခြေနေကိုလည်း ကျေနပ်တယ်။ ဒါပေမယ့် မသေမချင်းတော့ ဘဝကို အရှုံးပေးမှာ မဟုတ်ဘူး။ သီချင်းတွေကိုလည်း  ကိုယ်သိသလောက် ၊ တတ်သလောက် ၊ မှတ်သလောက် ဆိုနေဦးမယ်။ Show တွေလည်း သူများကို မထိခိုက်ဘူးဆိုရင် ဘာမဆိုပေါ့။ ပရိသတ်စိတ်ဝင်စားမယ် ။ ကိုယ့်ကိုလာကြည့်ရကျိုး နပ်မယ်ဆိုရင် သူများတွေက ပိုက်ဆံအကုန်ကျခံလာကြည့်ရတာကိုး။  စိတ်အပန်းပြေဖို့ကောင်းနိုးရာရာလေးတွေ စဉ်းစားပြီးတော့လုပ်သွားမှာပါ ။

အပိုင်း ( ၁) ကို ကြည့်ရှုရန် - http://www.mizzimaburmese.com/article/32763

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly