ဟုမ္မလင်းမြို့တွင် ကူကီး(ခေါင်ဆိုင်)တိုင်းရင်းသားရိုးရာပွဲတော် ကျင်းပမည်

ဟုမ္မလင်းမြို့တွင် ကူကီး(ခေါင်ဆိုင်)တိုင်းရင်းသားရိုးရာပွဲတော် ကျင်းပမည်
(ဓာတ်ပုံ၊လွန်ခိုဆေး)

 

မန္တလေး၊အောက်တိုဘာ ၁၇ ။             ။ ကူကီး(ခေါင်ဆိုင်)တိုင်းရင်းသားများ၏ အစဉ်အလာအရနှစ်စဉ်ကျင်းပခဲ့သည့် ကူကီး(ခေါင်ဆိုင်)ရိုးရာ Chavang Kut ပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊မြေနီကုန်းရပ်ကွက် အားကစားကွင်းတွင် နိုဝင်ဘာလ ၁ ရက်တွင်ပြုလုပ်သွားမည်ဟု ပွဲတော်ကျင်းပရေးကော်မတီ၏ ပြန်ကြားရေးတာဝန်ခံ ကိုလွန်ခိုဆေးက မဇ္ဈိမကိုပြောသည်။

အဆိုပါပွဲတော်ကို ၂ နှစ်တစ်ကြိမ်ကျင်းပခဲ့ရာ ကူကီးတိုင်းရင်းသားများအများစုနေထိုင်သည့် မိုဝိုင်းလွတ်မြို့၊ ဖိုင်လင်း တမူးမြို့နယ်၊ကျွန်းပင်သာ(Teijang) Tamu မြို့နယ်တို့တွင်အလှည့်ကျ ကျင်းပခဲ့ပြီး ယခုနှစ်တွင် ဟုမ္မလင်းမြို့၌ ကျင်းပရန် စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်သည်။

"ဒီပွဲက ကျွန်တော်တို့ ကူကီးတိုင်းရင်းသားတွေ တန်ဖိုးအထားဆုံးနဲ့အကြီးကျယ်ဆုံး ရိုးရာပွဲဖြစ်ပါတယ်။ကျွန်တော်တို့မှာ ရိုးရာပွဲတွေအမျိုးမျိုးရှိပါတယ် ဒါပေမယ့် ဒီပွဲဟာ အထွတ်အမြတ်တန်ဖိုးအထားဆုံး ပွဲလည်း ဖြစ်တယ်။ရိုးရာအမွေအနှစ်တွေကိုဖော်ထုတ်ပြသတဲ့ ပွဲလို့ဆိုရမှာပါဗျ ။"ကိုလွန်ခိုဆေးက ပြောသည်။

အဆိုပါပွဲတော်တွင် ဓလေ့ထုံးတမ်းများ၊ရိုးရာအကများဖြင့်ဖျော်ဖြေသွားမှာဖြစ်ပြီး ရိုးရာအစားအစာများလည်း ဧည့်ခံသွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာပြည်အနှံ့အပြားတွင် ရောက်ရှိနေထိုင်နေသည့် ကူကီးတိုင်းရင်းသားများလည်း တက်ရောက်ကြမည်ဖြစ်ပြီး   နိုင်ငံရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly