နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ စားပွဲထိုးများ အမြန်လမ်းလျှောက်ပြိုင်ပွဲ အာဂျင်တီးနားမှာ ကျင်းပ

နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ စားပွဲထိုးများ အမြန်လမ်းလျှောက်ပြိုင်ပွဲ အာဂျင်တီးနားမှာ ကျင်းပ

 

အောက်တိုဘာ ၁၇ ။                ။ အာဂျင်တီးနားနိုင်ငံ မြို့တော် ဗျူနိုအေးရိစ်မှာ တစ်နှစ်တစ်ကြိမ် ကျင်းပမြဲဖြစ်တဲ့ စားသောက်ဆိုင် ဝိတ်တာစားပွဲထိုးတွေ အမြန်လမ်းလျှောက်ကြတဲ့ ပြိုင်ပွဲတစ်ရပ်ကို ကျင်းပခဲ့ရာမှာတော့ ရာနဲ့ချီတဲ့ စားပွဲထိုးဝန်ထမ်းတွေ တပျော်တပါး ပါဝင်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

ယင်းပြိုင်ပွဲမှာတော့ ပါဝင်ယှဉ်ပြိုင်သူ စားပွဲထိုး အမျိုးသား၊ အမျိုးသမီးတွေအနေနဲ့  အချိုရည်ပုလင်းတွေ၊ ဖန်ခွက်တွေ တင်ထားတဲ့ လင်ဗန်းတွေကိုကိုင်ထားကြရပြီး ဗန်းပေါ်က ပစ္စည်းတွေ မကျအောင် ထိန်းရင်းနဲ့ မြန်နိုင်သမျှ မြန်အောင် လမ်းလျှောက်သွားကြရတာဖြစ်ပါတယ်။

မြို့တော် ဗျူနိုအေးရိစ်က အဓိကလမ်းမကြီးတစ်ခုဖြစ်တဲ့ Avenida de Mayo လမ်းတစ်လျှောက် မီတာ ၁,၆၀၀ အကွာအဝေး လမ်းလျှောက်ပွဲမှာတော့ အမျိုးသား၊အမျိုးသမီး စုစုပေါင်း ၄၇၀ ထိ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ယင်း ပွဲကိုေတော့ အာဂျင်တီးနား ဟိုတယ်နဲ့ ဧည့်ခံကြိုဆိုမှုလုပ်ငန်း အလုပ်သမား သမဂ္ဂက ကြီးမှူးကျင်းပပေးတာဖြစ်ပြီး ဆုအမျိုးအစားတစ်ခုစီအလိုက် ဆုရရှိသူတွေကို ဆုငွေ ကန်ဒေါ်လာ ၁,၀၀၀ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly