ပွဲအစ ၁၀ စက္ကန့်ကတည်းက ချယ်လ်ဆီး ဒုက္ခရောက်တော့မည်ကို သိနေပြီ ဟုမော်ရင်ဟိုပြော

ပွဲအစ ၁၀ စက္ကန့်ကတည်းက ချယ်လ်ဆီး ဒုက္ခရောက်တော့မည်ကို သိနေပြီ ဟုမော်ရင်ဟိုပြော

သြဂုတ် ၁၇၊ လန်ဒန် ။       ။ ပရီးမီးယားလိဂ်ချန်ပီယံပြိုင်ဘက် မန်စီးတီးအသင်းကို ၃-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ရာတွင် ပွဲအစ ၁၀ စက္ကန့်ကတည်းက ချယ်လ်ဆီးအသင်းဒုက္ခရောက် တော့မည်ကို သိနေခဲ့ကြောင်း နည်းပြမော်ရင်ဟိုက ပြောဆိုလိုက်သည်။

ငါးနှစ်အတွင်း တတိယမြောက်ပရီးမီးယားလိဂ်ဆုဖလားကိုရည်မှန်းနေသည့် မန်စီးတီးအသင်းအတွက် အဂူရို၊ ကွန်ပနီနှင့် ဖာနန်ဒင်ဟိုတို့က ဂိုးများသွင်းယူပြီး ချယ်လ်ဆီးကိုအနိုင်ရခဲ့ခြင်းမှာ ရာသီအစ အင်အားကောင်း သည့်တာထွက် လည်းဖြစ်ခဲ့သည်။

မန်စီးတီးတိုက်စစ်မှူး အဂူရိုသည်ပွဲချိန်ပထမပိုင်းအတွင်းမှာပင် ရရှိသည့်အခွင့်အရေးများစွာကိုလွဲချော်ခဲ့ပြီး ချယ်လ်ဆီးဂိုးသမား ဘီဂိုဗစ်မှာ ကာကွယ်မှုများပြုလုပ်ခဲ့ရသည်။

အဆိုပါအချက်မှာ ၎င်း၏အသင်းအတွက်စိုးရိမ်ရသည့်အချက်ဖြစ်ကြောင်းနှင့် နောက်တန်းကစားပုံအားနည်းမှုအတွက်စိတ်ပျက်မိသည်ဟု ချယ်လ်ဆီးနည်းပြမော်ရင်ဟိုက ဆိုခဲ့သည်။

"ပွဲစပြီး ၁၀ စက္ကန့်နောက်ပိုင်းမှာ အဂူရိုက ခံစစ်နောက်ကိုရောက်နေပြီး ဘီဂိုဗစ်နဲ့ရင်ဆိုင်နေပြီ။ ဒီလိုပွဲအစမျိုးက လုံးဝမကောင်းဘူး။ အဲဒီနောက်မှာတော့ ခံစစ်အလွယ်တကူကျိုးပေါက်ခဲ့လို့ ဘီဂိုဗစ်ဟာနှစ် ကြိမ်၊ သုံးကြိမ်လောက်ဂိုးကာကွယ်ခဲ့ရတယ်။ အဲဒါက ပထမစိတ်ပျက် ရတဲ့အချက်ပဲ။ အဂူရိုပြေးတယ်။ နေရာယူတယ်။ တောင်ပံကစားသမားတွေ အတွင်းကိုဝင်လာတယ်။ အဲဒီနောက် ၁၀ စက္ကန့်ပြီးနောက် အဂူရိုနဲ့ ဘီဂိုဗစ်နဲ့တစ် ယောက်ချင်းတွေ့တယ်။ ပွဲချိန်ပထမပိုင်းမှာ ကျွန်တော်တို့ ခံစစ်အားနည်းခဲ့တယ်"ဟု မော်ရင်ဟိုက ပြောသည်။

ချေပဂိုးအတွက်ကြိုးပမ်းရန် ပထမပိုင်းအပြီးတွင်အသင်းခေါင်းဆောင်တယ်ရီကို အံ့အားသင့်ဖွယ်လူစားလဲခဲ့ခြင်းမှာလည်း နည်းစနစ်ပိုင်းအရ သာဖြစ်သည်ဟု မော်ရင်ဟိုက ဆိုခဲ့သည်။

Ref; Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly