မိမိမျက်နှာကို ရည်ရွယ်ချက်ရှိရှိဖြင့် လူကာကူတက်နင်းခဲ့ဟု လိုဗရန်စွပ်စွဲ

မိမိမျက်နှာကို ရည်ရွယ်ချက်ရှိရှိဖြင့် လူကာကူတက်နင်းခဲ့ဟု လိုဗရန်စွပ်စွဲ

အောက်တိုဘာ ၁၇၊ လီဗာပူးလ်။           ။ စနေနေ့ကတွေ့ဆုံခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးလူကာကူသည် မိမိမျက်နှာကို တမင်တက်နင်းခဲ့သည်ဟု လီဗာပူးလ်နောက်ခံလူ လိုဗရန်က စွပ်စွဲပြောဆိုလိုက်သည်။

အန်ဖီးလ်ကွင်းတွင် ဂိုးမရှိသရေကျခဲ့သည့် ယင်းပွဲ၌ ပွဲချိန်ပထမပိုင်းမပြီးမီ အဆိုပါကစားသမားနှစ်ဦး ဘောလုံးလုရင်းထိမိကြပြီး လိုဗရန်သည် မျက်နှာကိုအုပ်ကာ မြေပေါ်လူးလိမ့်ခဲ့သည်။

လီဗာပူးလ်နည်းပြကလော့ပ်ကလည်း လူကာကူအနေဖြင့် အနီကတ်ပြခံခဲ့ရသင့်သည်ဟုထင်ကြောင်းပြောဆိုခဲ့သော်လည်း လူကာကူမှာ အရေးယူခံရခြင်းမှလွတ်ကင်းခဲ့သည်။

လိုဗရန်က “ကျွန်တော် ရိုးရိုးသားသားပြောရရင် သူရည်ရွယ်ချက်နဲ့နင်းခဲ့တာ။ သူက ကျွန်တော့်အပေါ်မှာပါ။ သူဖယ်လိုက်လို့ရ တယ်။ မတော်တဆလို့ဆိုရင်တောင် သူပြန်တောင်းပန်သင့်တာပေါ့။ သူကပွဲကိုပဲ စိုးရိမ်နေခဲ့တာက အကြောင်းပြချက်လည်း ဖြစ်နိုင်ပါတယ်”ဟု ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required