မော်တော်ဆိုင်ကယ်မတော်တဆဖြစ်မှုကြောင့် ဆေးရုံတက်ခဲ့ရသည့် ဂျာရတ်ဘတ်တလာ

မော်တော်ဆိုင်ကယ်မတော်တဆဖြစ်မှုကြောင့် ဆေးရုံတက်ခဲ့ရသည့် ဂျာရတ်ဘတ်တလာ

 

စကော့တလန်မင်းသား ဂျာရတ်ဘတ်တလာသည် မော်တော်ဆိုင်ကယ်မတော်တဆဖြစ်မှုကြောင့် ဆေးရုံသို့ လျင်မြန်စွာသွားရောက်၍ ကုသမှုခံယူခဲ့ရသည်။

ဂျာရတ်ဘတ်တလာသည် သူ၏မော်တော်ဆိုင်ကယ်ကို လော့စ်အိန်ဂျယ်လိစ်တစ်ခွင်၌ မောင်းနှင်နေစဉ်တွင် ကားတစ်စီးကဝင်တိုက်ပြီး မောင်းပြေးသွားခဲ့ကြောင်း TMZ သတင်းဝက်ဘ်ဆိုက်၏အဆိုအရ သိရသည်။ ထို့ကြောင့်ဒဏ်ရာရရှိခဲ့သောသူ့ကို ဆေးရုံသို့လျင်မြန်စွာ ပို့ဆောင်ပေးခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် ဂျာရတ်ဘတ်တလာသည် အသေးစားပွန်းပဲ့ဒဏ်ရာများသာရရှိခဲ့ပြီး အရိုးများ ကျိုးသွားခဲ့ခြင်းမရှိကြောင်း သိရသည်။ ထို့ကြောင့် သူသည်လာမည့်သောကြာနေ့တွင် ရုံတင်ပြသသွားမည့် သူ၏ရုပ်ရှင် Geostorm ၏ အထူးပြသပွဲသို့ တက်ရောက်နိုင်မည်ဖြစ်သည်။

300 ရုပ်ရှင်ဇာတ်ကားဖြင့် လူသိများသော ဂျာရတ်ဘတ်တလာသည် မော်တော်ဆိုင်ကယ်စီးနင်းခြင်းကို အလွန်ကြိုက်နှစ်သက်သူဖြစ်ပြီး မတော်တဆမှုဖြစ်ပွားခဲ့ချိန်၌ သူ၏ ဟာလေဒေဗစ်ဆန်ဆိုင်ကယ်ကြီးကို စီးနင်း နေခဲ့ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly