ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာအသင်း အဆင့်သုံးဆင့်ကျဆင်းသွား

ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာအသင်း အဆင့်သုံးဆင့်ကျဆင်းသွား

အောက်တိုဘာ ၁၆ ။           ။ အောက်တိုဘာ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့သော ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာအသင်းသည် အဆင့်သုံးဆင့် လျော့ကျသွားခဲ့ပြီး ကမ္ဘာ့အဆင့် ၁၅၅ တွင် ရပ်တည်လျက်ရှိသည်။

မြန်မာအသင်းသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ပွဲစဉ်တစ်ပွဲမှ ကစားခဲ့ခြင်းမရှိဘဲ အောက်တိုဘာလအစောပိုင်းမှ ထိုင်းအသင်းနှင့်ခြေစမ်းပွဲတစ်ပွဲ၊ ကာဂျစ္စတန်နှင့် အာရှဖလားခြေစစ်ပွဲတစ်ပွဲကစားခဲ့သည်။ ထိုင်းနှင့်ပွဲတွင် ၁-၃ ဂိုးဖြင့် ရှုံးခဲ့ရပြီး ကာဂျစ္စတန်နှင့်ပွဲတွင် ၂ ဂိုးစီသရေကျခဲ့သည်။

မြန်မာအသင်းသည် အရှေ့တောင်အာရှအဆင့်တွင်မှု ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့်ထိုင်းအသင်းတို့၏နောက် အဆင့်လေးနေရာတွင် ရပ်တည်လျက်ရှိသည်။

အသစ်ထုတ်ပြန်ခဲ့သော ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့် ၁ နေရာမှ အဆင့် ၆ နေရာအထိမှာ အပြောင်းအလဲမရှိခဲ့ဘဲ ဂျာမနီ၊ ဘရာဇီး၊ ပေါ်တူဂီ၊ အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ပိုလန်တို့မှာ ယခင်လအဆင့်အတိုင်း ရပ်တည်ခဲ့ကြသည်။ ၎င်းတို့၏နောက်တွင် ပြင်သစ်၊ စပိန်၊ ချီလီနှင့်ပီရူးတို့ ရပ်တည်လျက်ရှိသည်။

ရည်ညွှန်း ဖီဖာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly