မောင်တောရှိ မီးလောင်ခံထားရသည့် ရွာ ၄ ရွာကို ပြန်ဆောက်ရန် စီစဉ်နေ

မောင်တောရှိ မီးလောင်ခံထားရသည့် ရွာ ၄ ရွာကို ပြန်ဆောက်ရန် စီစဉ်နေ
ဓာတ်ပုံ - စိုးသူရ
 

 

 

 

ရန်ကုန်၊ အောက်တိုဘာ ၁၆

 

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မီးလောင်ခံထားရသောရွာများအနက်မှ ရွာ ၄ ရွာကို ပြန်လည်ဆောက်လုပ်ပေးရန် aစီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ လက်ထောက်အတွင်းဝန် ဦးစိုင်းထွန်းညိုက ပြောသည်။

မောင်တောဒေသအတွင်း တစ်ရွာလုံးမီးရှို့ခံရသည့် ခုံတိုင်ရွာ အပါအဝင် နန်းရာကိုင်းကျေးရွာဘူး၊ ဘူးသီးတောင်မြို့နယ် ဇီးတုံ ကျေးရွာ၊ ကိုင်းကြီးရွာတို့ကို နိုင်ငံတော်အတိုင်ပင်ခံ၏လမ်းညွှန်မှုဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ပြန်လည်ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

“ ခုံတိုင်ကတော့ တစ်ရွာလုံးမီးလောင်ခံရလို့ပြန်ဆောက်တယ်လို့ပြောလို့ရပေမယ့် နန်းရာကိုင်းတို့ ကိုင်းကြီးတို့ကြတော့ အိမ်ခြေရှိတာရဲ့ ၂၀ ရာခိုင်နူန်းလောက်မီးလောင်ခံရတာပါ” ဟု ဦးစိုင်းထွန်းညိုက ပြောသည်။

ဆက်လက်၍ “ ပြန်ဆောက်ပေးမယ်မှန်းထားတာက တစ်ရွာကို အိမ်အလုံး ၅၀ ဒါကတော့ခန့်မှန်းပေါ့ ဒါပေမယ့် လိုအပ်ချက်ပေါ်မူတည်ပြီး အတိုးအလျော့ ကတော့ရှိမှာပေါ့ “ ဟု ၎င်းကဆိုသည်။

အကြမ်းဖက်ဖြစ်စဉ်အတွင်း ကျေးရွာ တစ်ရွာလုံး မီးရှို့ခံလိုက်ထားရသည့် ခုံတိုင် ကျေးရွာတွင် တန်ဖိုးနည်း အိမ်ယာများ တည်ဆောက်ရန်အတွက်  အောက်တိုဘာ ၁၆ ရက်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများက စတင် ပန္နက်ရိုက် လိုက်ပြီဖြစ်ကြောင်းသိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊  နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ဘူးသီးတောင်နှင့် မောင်တော မြို့နယ်တို့တွင် ၁၉၉ဝ-၉၁ ခုနှစ်မှ စတင်ကာ မောင်တောမြို့နယ်တွင် ၂၈ ရွာ၊ ဘူးသီးတောင်မြို့နယ်တွင် ၉ ရွာနှင့် ရသေ့တောင်မြို့နယ်တွင် ၂ ရွာ စုစုပေါင်း ၃၉ ရွာ တည်ထောင်ပေးခဲ့ဖူး ကြောင်းလည်း သိရသည်။

မောင်တောခရိုင်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ကျေးရွာ ၅၉ ရွာမှ နေအိမ်ပေါင်း ၆၈၄၂ လုံး မီးလောင်ပျက်စီးထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required