ရီးယဲလ်အသင်းမှာ စီရော်နယ်ဒိုအသင်းမဟုတ်ဟု စပါးနည်းပြ ပိုချက်တီနိုပြော

ရီးယဲလ်အသင်းမှာ စီရော်နယ်ဒိုအသင်းမဟုတ်ဟု စပါးနည်းပြ ပိုချက်တီနိုပြော

 

အောက်တိုဘာ ၁၆၊ စပိန် ။              ။ ရီးယဲလ်အသင်းမှာ စီရော်နယ်ဒိုတစ်ဦးတည်းနှင့်တည်ဆောက်ထားသည့်အသင်းမဟုတ်ကြောင်း စပါးနည်းပြ ပိုချက်တီနိုက ပြောဆိုလိုက်သည်။

စပါးအသင်းသည် ယခုတစ်ပတ်ကြားရက်တွင် ဘာနေဗျူးကွင်း၌ရီးယဲလ်အသင်းနှင့်သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထိုပွဲ၌ စီရော်နယ်ဒိုတစ်ဦးတည်းကို အာရုံစိုက်ကစားမည် မဟုတ်ကြောင်းလည်း ပိုချက်တီနိုက ဆိုသည်။

“စီရော်နယ်ဒိုက အလွန်အရေးကြီးတဲ့ ကစားသမားပါ။ ဒါပေမဲ့ ရီးယဲလ်မှာ ကစားသမားကောင်းတွေအများကြီးရှိပါတယ်။ ဒါကြောင့် စီရေ်ာနယ်ဒိုတစ်ယောက်တည်းကို အာရုံစိုက်ကစားမှာ မဟုတ်ပါဘူး။ ရီးယဲလ်အသင်းဟာ တကယ်အံ့သြစရာကောင်းတဲ့အသင်းပါ။ သူတို့မှာ နည်းပြကောင်းတစ်ဦးလည်း ရှိပါတယ်။ သူတို့ကို အနိုင်ရချင်ရင်တော့ တစ်သင်းလုံးကို အာရုံစိုက်ဖို့ လိုပါတယ်” ဟု ပိုချက်တီနိုက ဆိုသည်။

ထို့အပြင်ပိုချက်တီနိုက စီရော်နယ်ဒိုမှာ မက်ဆီလိုကောင်းမွန်သည့်ကစားသမားဖြစ်ပြီး အသင်းအတွက် အကျိုးသက်ရောက်မှု အလွန်ကြီးမားသူဖြစ်ကြောင်း ဆိုသည်။

“ကျွန်တော်တို့ဟာ ရီးယဲလ်အသင်းနဲ့ပဲ ကစားရမှာ မဟုတ်ပါဘူး။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားနဲ့ပါ ရင်ဆိုင်ရမှာပါ” ဟု ပိုချက်တီနိုက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required