တရုတ်နိုင်ငံက အကူအညီထပ်ပို့ ၊ရေဘေးကြောင့်သေဆုံးသူ ၁၁၇ ဦးရှိပြီ

တရုတ်နိုင်ငံက အကူအညီထပ်ပို့ ၊ရေဘေးကြောင့်သေဆုံးသူ ၁၁၇ ဦးရှိပြီ

သြဂုတ် ၁၇ ရက် ။            ။ ရေဘေးသင့်ဒေသများရှိ ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် တရုတ်နိုင်ငံက ကန်ဒေါ်လာ ၁ ဒဿမ ၆ သန်းတန်ဘိုးရှိ စက်တပ်ရော်ဘာလှေများကို သြဂုတ် ၁၅ ရက်နေ့ကပို့ဆောင်လိုက်ပြီဟု သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟောင်လီယန်း က တရုတ်ကယ်ဆယ်ရေးအဖွဲ့အား ဦးဆောင်နေခြင်းဖြစ်သည်။ ထိခိုက်မှုကြီးမားသော စစ်ကိုင်း၊ မကွေးတိုင်း နှင့် ရခိုင်ပြည်နယ် တရုတ်နိုင်ငံက ကန်ဒေါ်လာ ၃၀၀,၀၀၀ ဖိုးကူညီပြီးဖြစ်သည်ဟု cntv ကဖော်ပြထားသည်။

ထို့ပြင် တရုတ်နိုင်ငံ၏ ပြည်နယ်အချို့နှင့် ကုမ္ပဏီများကလည်း သီးသန့် လှူဒါန်းမှုများရှိနေသည်။ ယူနန်ပြည်နယ် အနောက်တောင်ခရိုင်မှလည်း လတ်တလောတွင် ကန်ဒေါ်လာ ၄၀၀,၀၀၀ တန်ဘိုး ရှိထောက်ကူပစ္စည်းများ ပေးပို့သည်ဟု သိရသည်။

ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လအတွင်း ရေဘေးဖြစ်ပွားခဲ့သဖြင့် သေဆုံးသူဦးရေ တစ်ဖြေးဖြေးတိုးလာလျက်ရှိရာ သြဂုတ် ၁၆ ရက်အထိ လူ ၁၁၇ ဦးရှိပြီဟု အစိုးရက ထုတ်ပြန်ထားသည်။ ဘေးသင့်သူဦးရေမှာ လည်း ၁ ဒဿမ ၅ သန်းကျော်သွားပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly