အစ္စလာမ်မစ်စစ်သွေးကြွများကို တိုက်ခိုက်သည့် စစ် မကြာမီ အဆုံးသတ်နိုင်မည်ဟု ဖိလစ်ပိုင်ပြော

အစ္စလာမ်မစ်စစ်သွေးကြွများကို တိုက်ခိုက်သည့် စစ် မကြာမီ အဆုံးသတ်နိုင်မည်ဟု ဖိလစ်ပိုင်ပြော

 

မနီလာ၊ အောက်တိုဘာ ၁၆ ။                 ။ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမြို့တစ်မြို့ကို လေးလကျော်ကြာ စီးနင်းထားသည့် အီရတ်နှင့် ဆီးရီးယားရှိ အိုင်အက်စ်တို့ကို သစ္စာခံသော စစ်သွေးကြွအဖွဲ့အား အောက်တိုဘာ ၁၅ ရက်က ဖိလစ်ပိုင်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ကာ ယင်းစစ်ပွဲသည် အဆုံးသတ်နိုင်ရန် သိပ်မဝေးတော့ကြောင်း ပြောသည်။

မာရာဝီမြို့က အဆိုပါ အစ္စလာမ်မစ်စစ်သွေးကြွများနှင့် တိုက်ပွဲများကို ဖိလစ်ပိုင်စစ်တပ်က အောက်တိုဘာ ၁၅ ရက်တွင် အဆုံးသတ်နိုင်ရန် ယခင်က ရည်မှန်းထားပြီး သေဆုံးသူပေါင်း ၁၀၀၀ ကျော်ထက်မနည်းရှိသည်ဟု ထုတ်ပြန်ထားသည်။

ဒေသတွင်း အစ္စလာမ်မစ်နိုင်ငံ ထူထောင်လိုသော ယင်းစစ်သွေးကြွများအပေါ် ချေမှုန်းရေး စစ်ပွဲများ အဆုံးသတ်ရန် သတ်မှတ်ရက် အောက်တိုဘာ ၁၅ ရက်ကို ဖိလစ်ပိုင်စစ်တပ်က အကောင်အထည် မဖော်နိုင် ရှိခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၁၅ ရက်တွင် FA 50 ဂျက်တိုက်လေယာဉ်များ မာရာဝီမြို့ပေါ် ဝဲပျံခဲ့ပြီး မြေပြင်တွင်လည်း စစ်သားများက နယ်မြေအကျယ်အဝန်း ငါးဧကခန့် ဝန်းကျင်အတွင်း တစ်အိမ်တက် တစ်အိမ်ဆင်း စစ်သွေးကြွများကို ရှာဖွေတိုက်ထုတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း စစ်တပ်ပြောခွင့်ရသူက ဆိုသည်။

“မာရာဝီမြို့သိမ်းရေးကို မကြာမီမှာ အဆုံးသတ်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။”ဟု ဗိုလ်မှူး ရိုမီယိုဘရောနာက သတင်းထောက်များအား ပြောခဲ့သည်။

ကက်သလစ်အများစုဖြစ်သော ဖိလစ်ပိုင်နိုင်ငံက အစ္စလာမ်မစ်မြို့တော်ဖြစ်သည့် မာရာဝီမြို့အား မေ ၂၃ ရက်က အိုင်အက်စ်ထောက်ခံသည့် လက်နက်ကိုင်များက ကျူးကျော်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly