အင်ဒိုနီးရှားဂိုးသမား ကွင်းအတွင်း အသင်းဖော်တစ်ဦးနှင့် ထိခိုက်မိပြီးနောက် သေဆုံး

အင်ဒိုနီးရှားဂိုးသမား ကွင်းအတွင်း အသင်းဖော်တစ်ဦးနှင့် ထိခိုက်မိပြီးနောက် သေဆုံး

အင်ဒိုနီးရှား ပြည်တွင်း ထိပ်တန်းလိဂ်ပွဲစဉ်တစ်ခုမှာ ဂိုးသမားတစ်ဦးဟာ ၎င်းရဲ့အသင်းဖော်တစ်ဦးနှင့် ထိခိုက်မိရာမှ ဒဏ်ရာရရှိပြီး ဆေးရုံမှာ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

အသက် ၃၈ နှစ်အရွယ် ဂိုးသမား ချိုင်ရယ်ဟူဒါကို တနင်္ဂနေ့က ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ပေမယ့် ရောက်ရှိပြီး မကြာခင်မှာပဲ သေဆုံးသွားကြောင်း ဆရာဝန်များက ပြေကြားခဲ့ပါတယ်။

ဟူဒါရဲ့ ပါဆယ်လာကလပ်အသင်း ကြေညာချက်မှာ “ရင်ဘတ်ပေါ်နှင့် အောက်မေးရိုကို ထိခိုက်မှု”ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ကနဦးပိုင်း စစ်ဆေးချက်က “ဦးခေါင်နှင့် လည်ပင်းမှာ ဒဏ်ရာများ” ရရှိခဲ့တယ်လို့ ဆိုပါတယ်။

Dr Soegiri Lamongan ဆေးရုံမှ ဒေါက်တာနူဂရိုဟိုက  အဆိုပါထိခိုက်မှုကြောင့် ဟူဒါဟာ “အသက်ရှုရပ်တန့်သွားပြီး နှလုံးကို ထိခိုက်မှုကြောင့် သွေးစီးဆင်းမှု ရုတ်တရက် ရပ်တန့်သွားတယ်”လို့ ပြောပါတယ်။

ဆေးအဖွဲ့ဟာ ဟူဒါကို ပြန်လည် အသက်ရှင်လာဖို့ ကြိုးစားခဲ့ပေမယ့် တစ်နာရီအကြာမှာတော့ ပုံမှန်အသက်ရှင်မှု အနေအထား တုံ့ပြန်မှု မရှိတော့ကြောင်း သူက ပြောပါတယ်။

အဆိုပါပွဲကို ဆက်လက်ကစားစေခဲ့ပြီး ပါဆယ်လာအသက်းက ဆီမန်ပန်ဒေါင်းအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
 
ချိုင်ရယ်ဟူဒါဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ ပါဆယ်လာတစ်သင်းတည်းမှာ ၁၉၉၉ ခုနှစ်မှ စတင်ကစားခဲ့ပြီး (၁၆)နှစ်တာကာလအတွင်း ပွဲပေါင်း(၅၀၀)ကျော်ကစားခဲ့သူဖြစ်ပါတယ်။ 

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required