ပင်နယ်တီကြောင့် ၀က်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့ရခြင်းဟု အာစင်ဝင်းဂါးဆို

ပင်နယ်တီကြောင့် ၀က်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့ရခြင်းဟု အာစင်ဝင်းဂါးဆို

အောက်တိုဘာ ၁၅၊ အင်္ဂလန် ။         ။ ဝက်ဖို့ဒ်အသင်းရရှိခဲ့သည့် ပင်နယ်တီမှာ မပေးသင့်ကြောင်းနှင့် ထိုပင်နယ်တီကြောင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောဆိုလိုက်သည်။

ထိုပွဲတွင် အာဆင်နယ်အသင်းသည် မာတီဆက်ကာ၏ ခေါင်းတိုက်သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲချိန် မိနစ် ၇၀ တွင် ဘယ်လာရင်က ဝက်ဖို့ဒ်ကစားသမား ရစ်ချာလီဆန်ကို ဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့သည့်အတွက် ပင်နယ်တီပေးခဲ့ရသည်။ ထိုပင်နယ်တီကို ဒီနေးက အမှားအယွင်းမရှိကန်သွင်းနိုင်ခဲ့သောကြောင့် သရေကျခဲ့ရသည်။ ထို့နောက် ပွဲပြီးခါနီးတွင် ကလီဗာလေးက ဝက်ဖို့ဒ်အတွက် အနိုင်ဂိုးသွင်းယူပေးလိုက်သောကြောင့် အာဆင်နယ်တို့ ရှုံးနိမ့်ခဲ့ရသည်။

“ဒါက လုံးဝပင်နယ်တီမဟုတ်ပါဘူး။ ဒီပင်နယ်တီက ဝက်ဖို့ဒ်အသင်းပြန်လာဖို့ အလွန်အရေးပါတဲ့ ပင်နယ်တီဖြစ်ခဲ့ပါတယ်။ နိုး..ပင်နယ်တီ၊ နိုး…ဂိုးပါ” ဟု အာစင်ဝင်းဂါးက ဆိုသည်။

ဝက်ဖို့ဒ်အသင်းနည်းပြ မာကိုဆေးလ်ဗားကမူ ရစ်ချာလီဆန်ဒိုင်ဗင်ထိုးခဲ့သည်ဟု မမြင်မိကြောင်းနှင့် ထိုအဖြစ်အပျက်မှာ ပင်နယ်တီသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required