အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ဆန့်ကျင်သည့်အနေဖြင့် ဟာသာဘာလင်အသင်းသားများ ဒူးထောက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ဆန့်ကျင်သည့်အနေဖြင့် ဟာသာဘာလင်အသင်းသားများ ဒူးထောက်

အောက်တိုဘာ ၁၅၊ ဂျာမနီ ။            ။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကို ဆန့်ကျင်ပြီး တရားမျှတမှုကို ထောက်ခံသောအားဖြင့် ဟာသာဘာလင်အသင်းသား များသည် ရှော်လ်ကေးအသင်းနှင့် ပွဲစတင်ခင် ဒူးထောက်ခဲ့ကြသည်။

ထိုဒူးထောက်သည့် ကမ်ပိန်းကို အမေရိကန်ဖွတ်ဘော(NFL)ကစားသမားများက စတင်ခဲ့ကြပြီး အားကစားသမား များစွာက ပြုလုပ်ခဲ့ကြသည်။ ဘောလုံးလောကတွင် ဟာသာဘာလင်အသင်းက ပထမဆုံးစတင်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အမေရိကန်အလံတော်ကို မလေးစားသည့် NFL ကစားသမားများအနေဖြင့် ၎င်းတို့၏နိုင်ငံအတွင်းမှ ထွက်ခွာသွားသင့်ကြောင်း ရိုင်းစိုင်းသောစကားလုံးများဖြင့် ဝေဖန်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အမေရိကန်ဒုတိယသမ္မတ တက်ရောက်ခဲ့သည့် Indianapolis Colts နှင့် San Francisco 49ers တို့၏ပွဲတွင် 49ers ကစားသမားများက ဒူးထောက်ကာ မတရားမှုကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။

ထို့နောက်တွင် NFL အသင်းများစွာက ဒူးထောက်ကာ ဒေါ်နယ်ထရန့်ကို ဆန့်ကျင်ခဲ့ကြသည်။ ဟာသာဘာလင်အသင်းက “မတရားမှုနှင့်တာဝန်ယူမှု၊ တာဝန်ခံမှုအတွက် ဟာသာဘာလင်အသင်းရပ်တည်မယ်” ဟု စာရေးကာ အသင်းသားများဒူးထောက်နေသည့်ပုံကို ၎င်းတို့အသင်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required