ပရီးမီးယားလိဂ်အကြောင်းနှင့်ပြိုင်ဘက်တွေအကြောင်းကို ပိုသိလာပြီဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာပြော

ပရီးမီးယားလိဂ်အကြောင်းနှင့်ပြိုင်ဘက်တွေအကြောင်းကို ပိုသိလာပြီဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာပြော

အောက်တိုဘာ ၁၅၊ အင်္ဂလန် ။            ။ စတုခ်စီးတီးအသင်းကို ၇-၂ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် မန်စီးတီးနည်းပြ ဂွါဒီယိုလာက ၎င်းမန်စီးတီးကိုစရောက်သည့်အချိန်မှစ၍ အကောင်းဆုံးပွဲဟု ချီးကျူး ပြောဆိုလိုက်သည်။

ထိုပွဲစဉ်တွင် မန်စီးတီးအသင်းသည် ဂျီးဆပ်၊ စတာလင်း၊ ဒေးဗစ်ဆေးလ်ဗားတို့၏ဂိုးများဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒီယော့ဖ်က စတုခ်စီးတီးအတွက် ချေပဂိုး၂ ဂိုးပြန်သွင်းပေးခဲ့သည်။ ထို့ကြောင့် ပွဲမှာ အကြိတ်အနယ်ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် မန်စီးတီးအသင်းအတွက် ဂျီးဆပ်၊ ဖာနန်ဒင်ဟို၊ ဆာနေးနှင့်ဘာနာဒိုဆေးလ်ဗားတို့က ဂိုးများထပ်သွင်းပေးခဲ့ကြ သည့်အတွက် ဂိုးပြတ်သွားခဲ့ရသည်။

“ကျွန်တော်တို့ အသင်းရဲ့ ကစားပုံက ရိုးရှင်းပြီး မြန်ဆန်ပါတယ်။ ဘောလုံးတွေကို အလွယ်တကူ အဆုံးရှုံးမခံခဲ့ပါဘူး။ ဒီလိုကစားပုံအတွက် တကယ်ကျေနပ်မိပါတယ်။ ကျွန်တော်မန်စီးတီးကိုရောက်ပြီးနောက်ပိုင်း ဒီပွဲက အကောင်းဆုံးပွဲပါပဲ။

ကျွန်တော်ဒီကိုလာတာ ဖျော်ဖြေရေးလုပ်ဖို့ မဟုတ်ပါဘူး။ အနိုင်ရဖို့ပါ။ အခုဆိုရင် ကျွန်တော်တို့ တစ်ဦးနဲ့တစ်ဦးပိုပြီး နားလည်လာကြပါပြီ။ ကျွန်တော့်အနေနဲ့ ကစားသမားတွေရဲ့အကြောင်းကို ပိုပြီးသိလာသလို ပရီးမီးယားလိဂ်ရဲ့ အကြောင်းကိုလည်း ပိုသိလာပါပြီ။ ဒါ့အပြင် ပြိုင်ဘက်တွေရဲ့အကြောင်းလည်း ပိုသိလာပါပြီ” ဟု ဂွါဒီယိုလာက ပြောဆိုခဲ့သည်။

မန်ယူအသင်းက လီဗာပူးလ်နှင့်သရေကျခဲ့သည့်အတွက် မန်စီးတီးအသင်းသည် မန်ယူကို ၂ မှတ်ဖြတ်လိုက်နိုင်ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်လျက်ရှိသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required